Get Mystery Box with random crypto!

❝ပြင်ပရွှေဈေး ကျဆင်းလာချိန် ရွှေအသင်း၏ ရည်ညွှန်းဈေး ကျပ်သိန်း | Myanmar Hard Talk

❝ပြင်ပရွှေဈေး ကျဆင်းလာချိန် ရွှေအသင်း၏ ရည်ညွှန်းဈေး ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိလာ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏〕
https://t.me/myanmarhardtalk

ယခုရက်ပိုင်းအတွင်း၌ ပြင်ပရွှေဈေးများ အသီးသီးကျဆင်းလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေရည်ညွန်းစျေး ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိလာကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ (၃၁) ရက် နံနက်ပိုင်းတွင်ထုတ်ပြန်သော ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း၏ မီးလင်းအခေါက်ရွှေ ရည်ညွှန်းစျေး (အပိတ်စျေး)မှာ တစ်ကျပ်သားလျှင် ငွေကျပ် ၃,၉၉၉,၈၀၀ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ရာမှ ယနေ့ ဇွန်လ ၁ ရက်၊ ညနေပိုင်းတွင် အပိတ်ဈေး ငွေကျပ် ၄,၁၄၀,၂၀၀ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြင်ပရွှေစျေးကွက်တွင် မေလ ၃၁ ရက်၊ နံနက်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို- ရောင်းဈေး ၅,၇၆၀,၀၀၀ ကျပ်နှင့် ဝယ်ဈေး ၅,၇၁၀,၀၀၀ ကျပ်ဖြစ်ကြောင်း ဖော်ပြခဲ့ကြရာမှ ညနေပိုင်းတွင် ရောင်းဈး ၅,၆၀၀,၀၀၀ ကျပ်၊ ဝယ်ဈေး ၅,၅၄၀,၀၀၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်သတင်းများက ဖော်ပြခဲ့ကြသည်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-01-8