Get Mystery Box with random crypto!

❝မန္တလေးမြို့ လျှပ်စစ်နှင့် မီးဖိုချောင်ပစ္စည်း အရောင်းဆိုင်တွ | Myanmar Hard Talk

❝မန္တလေးမြို့ လျှပ်စစ်နှင့် မီးဖိုချောင်ပစ္စည်း အရောင်းဆိုင်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုမှ သေဆုံးသူ (၆) ဦးအထိ ရှိလာ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟕〕
https://t.me/myanmarhardtalk

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၃၂) လမ်း၊ (၈၁)လမ်းနှင့် (၈၂) လမ်းကြား၊ အောင်နန်းရိပ်သာအရှေ့ရပ်ရှိ လျှပ်စစ်နှင့် မီးဖိုချောင်ပစ္စည်း အရောင်းဆိုင်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများအနက် သေဆုံးသူ (၆) ဦးအထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်သည် မေလ (၃၁) ရက် နံနက်ပိုင်းက ဂက်စ်အိုး ဖလှယ်ရာမှ ယိုစိမ့်မှုဖြစ်ကာကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ (၁ဝ)ဦးကျော် ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်အတွင်း လူနာ ၅ ဦး သေဆုံးခဲ့ပြီးနောက် မေ ၇ ရက် နံနက် ၃ နာရီခန့်တွင် အရန်မီးသတ်သမားတစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ (၆) ဦးရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဆိုင်ပိုင်ရှင်နှင့်ဆိုင်မန်နေဂျာကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) မြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎