Get Mystery Box with random crypto!

❝ပြီးခဲ့သည့် ဧပြီနှင့် မေလတို့တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန | Myanmar Hard Talk

❝ပြီးခဲ့သည့် ဧပြီနှင့် မေလတို့တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့နိုင်ခဲ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟗〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများသည် နိုင်ငံတော်၏ ပြည်ပဝင်ငွေအများဆုံးရရှိသော အားထားရသည့် ပို့ကုန်အမယ်များဖြစ်ရာ

 ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း တင်ပို့ရန် လျာထားခဲ့သလို ယခုဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်း တင်ပို့ရန်လျာထားခဲ့ရာ ပြီးခဲ့သည့် ဧပြီနှင့် မေလများတွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့ထားနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လတွင်လည်း လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေး ပဲမျိုးစုံတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-06-09-4