Get Mystery Box with random crypto!

❝ပြည်ဖျက်မီဒီယာက ဖော်ပြနေသည့် ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ အဖမ်းခံရ | Myanmar Hard Talk

❝ပြည်ဖျက်မီဒီယာက ဖော်ပြနေသည့် ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်း မှန်ကန်မှုမရှိဟု ရွှေအသင်းထုတ်ပြန်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟗〕
https://t.me/myanmarhardtalk

အကြီးစား ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်သတင်းဌာန အမည်ခံ လူကုန်ကူးဂိုဏ်းတစ်ခုက ဖော်ပြထားသည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထားကြောင်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါ ရွှေအသင်းက ထုတ်ပြန်ထားသည်။

သို့သော်လည်း ရွှေဈေးတွက်ချက်မှုအခြေအနေများနှင့်ပတ်သက်၍ အဆိုပါ ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ကို ခေါ်ယူမေးမြန်းခြင်းမျိုးတော့ ရှိကြောင်းနှင့် ဖမ်းဆီးခြင်းမဟုတ်သဖြင့် စိုးရိမ်စရာအခြေအနေလည်းမဟုတ်ကြောင်း ရွှေအသင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇွန်လ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အမှတ်စဉ် (၁၄) သင်တန်းသို့ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎