Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 36.37K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes

2024-05-06 15:39:23
MHTNewsရဲ့( 06-05-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
- ရခိုင်စစ်မျက်နှာ အပါအဝင် မြန်မာပြည်စစ်ပွဲများအားသုံးသပ်ခြင်း၊
⁃ ပေါ်ဦးထွန်း(ခ)မင်းကိုနိူင် ဘာကြောင့်ပြန်ပေါ်လာသလဲ ?
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
12.6K viewsedited  12:39
Abrir / CĂłmo
2024-04-27 08:23:36
မြစိမ်းရောင်စီမံကိန်းပိုင်ငွေတွေကို စစ်တပ်က သိမ်းယူသွားတယ်ဆိုပြီး အကြမ်းဖက်အုပ်စုတွေနဲ့ ၎င်းအကြမ်းဖက်တွေကိုထောက်ခံတဲ့ အုပ်စုတွေက လူမှုကွန်ယက်တွေပေါ်မှာ မဟုတ်မမှန် ဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေသခံတွေက ဘယ်လိုပြောဆိုထားသလဲဆိုတာ ဒီရုပ်သံမှာ နားထောင်နိုင်ပါတယ်။

အလားတူ သတင်းအပြည့်အစုံကိုလည်း ဒီနေရာ https://telegra.ph/Myanmar-Hard-Talk-04-27-6 မှာ ဖတ်ရှုနိုင်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
14.0K viewsedited  05:23
Abrir / CĂłmo
2024-04-24 15:00:41
MHTNewsရဲ့( 24-04-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ သေနတ်အတုနဲ့ဓါးပြတိုက်တဲ့ PDF ကိုပြည်သူတွေဝိုင်းဖမ်း၊
⁃ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို ထိုင်းနိူင်ငံက လက်မခံတော့ဘူးလား၊
⁃ ထိုင်းနိူင်ငံကိုခြေကုပ်ယူပြီး မြန်မာအစိုးရကို တိုက်ခိုက်နေသူတွေကိုထိုင်းအစိုးရကဖမ်းဆီးတော့မယ်၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
12.6K viewsedited  12:00
Abrir / CĂłmo
2024-04-22 15:15:51
MHTNewsရဲ့( 22-04-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ မြဝတီတိုက်ပွဲဟာ မြဝတီမြို့လေးတခုတည်းကိုသိမ်းလိုက်နိူင်တဲ့တိုက်ပွဲမဟုတ်ပါဘူး ၊ တပ်မတော်ရဲ့နည်းစနစ် မဟာဗျူဟာ စစ်အင်အား၊ စီးပွါးရေး နိူင်ငံရေး သံတမန်ရေး စတဲ့အင်အားတွေကိုထုတ်ပြနိူင်လိုက်သလို ရန်သူအကြမ်းဖက်အုပ်စုတွေရဲ့မျက်နှာဖုံးကိုခွါချနိူင်ခဲ့တဲ့စစ်ပွဲတစ်ပွဲဖြစ်လို့ ဒီနေ့သတင်းသုံးသပ်ချက်မှာတော့ မြဝတီတိုက်ပွဲတွေအကြောင်းကိုသုံးသပ်ထားပါတယ်။
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
12.7K viewsedited  12:15
Abrir / CĂłmo
2024-04-20 18:19:55
❝PDF တွေ လက်လုပ်စိန်ပြောင်း စမ်းပစ်ရာကနေ နွားကျောင်းထွက်လာသူအမျိုးသားကိုထိမှန်လို့ ၎င်းအမျိုးသားသေဆုံး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝘼𝙋𝙍𝙄𝙇 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ ပုလောင်ရွာမှာ PDF တွေ စမ်းပြီးပစ်လိုက်တဲ့ လက်လုပ်စိန်ပြောင်းကျည် ထိမှန်မှုကြောင့် နွားကျောင်းဖို့ထွက်လာတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

❝PDF တွေက သူတို့ကိုယ်တိုင်လုပ်ထားတဲ့ လက်နက်ကြီးတွေကို စမ်းပစ်ကြည့်နေကြတာ။ ပစ်တာက အဝေးကြီးကပစ်တာမဟုတ်ဘူး။ လှမ်းခေါ်ရင်တောင်ကြားလောက်တဲ့နေရာကနေ ပစ်နေကြတာ။ အဲဒီမှာ ကျည်တစ်လုံးက နွားကျောင်းထွက်လာတဲ့လူကို မှန်ပြီး သေသွားတာပဲ။❞ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။

အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ ဧပြီ ၂၀ ရက်၊ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူက တောင်သူအလုပ်ကိုလုပ်ကိုင်နေတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမိုးဦး ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လူတစ်ယောက်လုံး အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့တာတောင် PDF တွေက ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမှမရှိတဲ့အပြင် သတင်းမေးတောင်မလာခဲ့ကြဘူးလို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
13.5K viewsedited  15:19
Abrir / CĂłmo
2024-04-20 09:30:46 ❝AA အလိုမရှိကြောင်း မွတ်ဆလင် ၁၀၀၀ ကျော်က စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝘼𝙋𝙍𝙄𝙇 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

ရခိုင်ပြည်၊ စစ်တွေမြို့မှာ မွတ်ဆလင်အင်းအား ၁၀၀၀ ကျော်တို့က AA အကြမ်းဖက်အုပ်စုကို အလိုမရှိကြောင်း ဒီကနေ့ ဧပြီလ ၂၀ ရက်၊ မနက် ၉ နာရီခွဲအချိန်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ မွတ်ဆလင်အင်အား ၁၀၀၀ ကျော်တို့ဟာ ❝ရခိုင်မြေ၌ AA အလိုမရှိ❞ ဆိုတဲ့ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ကာ စစ်တွေမြို့၊ ဘုမေမွတ်ဆလင်ကျေးရွာကနေစတင်ပြီး စစ်တွေမြို့အနှံ့ကိုပတ်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီဆန္ဒပြမှုဟာ အစိုးရက ငွေပေးပြီး မွတ်ဆလင်တွေကို အတင်းအဓမ္မစေခိုင်းတာလို့ AA အလိုတော်ရိ မီဒီယာတွေက ဖော်ပြနေတာတွေရှိတယ်လို့ သိရပြီး အဲဒါတွေဟာ မှန်ကန်မှုမရှိမရှိဘူးလ်ု့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့ကြသူတွေက ငြင်းဆိုထားပါတယ်။

❝စစ်တပ်က ငွေပေးပြီးခိုင်းတယ်ဆိုပြီး သတင်းတွေရေးနေတာ တွေ့ပါတယ်။ အဲဒါမဟုတ်ပါဘူး။ ဒီ AA ဆိုတဲ့ကောင်တွေကြောင့် ကျွန်တော်တို့ မွတ်ဆလင်တွေရော ရခိုင်တွေပါ အေးအေးမနေရလို့ ကိုယ့်သဘောနဲ့ကိုပဲ စုပေါင်းဆန္ဒပြခဲ့ကြတာပါ။ အစတုန်းကတော့ အင်အားက တစ်ရာကျော်လောက်ပဲရှိတာ။ ပြီးမှ သူတို့သဘောနဲ့သူတို့ ထွက်လိုက်လာကြတာ။ အင်အား တစ်ထောင်ကျော်သွားတယ်။ ငွေပေးခိုင်းရင် ဒီအင်အားမျိုးရမလား စဥ်းစားပေါ့။ ရတယ်ထားအုံး သူတို့ပြောနေသလို လူတစ်ယောက်ကို တစ်သိန်း၊ နှစ်သိန်းပေးတယ်ဆိုရင် နည်းတဲ့ငွေမှမဟုတ်တာ။ မဖြစ်နိုင်တာတွေ လျှောက်ရေးနေတာပါ။ ကျွန်တော်တို့ ကို့သဘောနဲ့ကိုယ် စိတ်တူကိုယ်တူပူူပေါင်းပြီး လြပ်ခဲ့ကြတာပါ။ နောက်လည်း လုပ်ဦးမှာပါ။❞ ဆိုပြီး အဲဒီဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ မွတ်ဆလင်လူငယ်တစ်ဦးက ပြောပြခဲ့တာပါ။

AA အကြမ်းဖက်အုပ်စုတွေဟာ သူတို့အဖွဲ့ထဲဝင်ဖို့ အတင်းအဓမ္မ လူသစ်စုဆောင်းတာကို လက်မခံတဲ့ မွတ်ဆလင်ရွာတွေအပေါ် မီးရှို့ဖဖက်စီးတာတွေနဲ့ သတ်ဖြတ်တာတွေ လုပ်ဆောင်လာနေတယ်လို့ သိရပြီး အဲဒီလိုအကြမ်းဖက်မှုတွေအပေါ် မကျေနပ်တာကြောင့်လည်း ယခုလိုဆန္ဒထုတ်ဖော်ကြရတာလို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
12.8K viewsedited  06:30
Abrir / CĂłmo
2024-04-20 09:30:28
❝AA အလိုမရှိကြောင်း မွတ်ဆလင် ၁၀၀၀ ကျော်က စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝘼𝙋𝙍𝙄𝙇 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

သတင်းအပြည့်အစုံ
13.0K views06:30
Abrir / CĂłmo
2024-04-18 17:59:01
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်း ဧပြီလ(၁၇)ရက် နံနက် (၁၁)နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက်AA အဖွဲ့မှ တပ်မတော်မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်ဆလင်များမှ လုပ်ဆောင်ခဲ့ကြောင်းစွပ်စွဲချက် ထွက်ပေါ်မှုများ။

အိန္ဒိယမီဒီယာတစ်ခုမှ စွပ်စွဲရေးသားဖော်ပြမှုများ။
                  
AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်၏ လူမှုကွန်ရက်၌ မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင်(၁၆၀၀)နှင့် ဗုဒ္ဓဘာသာဝင်(၁၂၀)အား အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ရေးသား ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
13.8K views14:59
Abrir / CĂłmo
2024-04-17 10:55:02
❝နစကဥက္ကဋ္ဌ၏ လွတ်ငြိမ်းဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ ကျော် လွတ်မြောက်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝘼𝙋𝙍𝙄𝙇 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်အထိမ်းအမှတ် အဖြစ် ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား (၉၄၀) ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကျဥ်းသားတွေဟာ ဒီကနေ့ ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နေ့လယ်ပိုင်းမှာ လွတ်မြောက်လာခဲ့ကြတာဖြစ်ပြီး အမျိုးသား (၉၀၀) ဝန်းကျင်နဲ့ အမျိုးသမီး (၄၀) ဝန်းကျင်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဥ်းထောင်အသီးသီးကနေလည်း အကျဉ်းသား ၅၀၀ နီးပါး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပြီး နစကဥက္ကဋ္ဌအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေက အကျဉ်းသား (၃၃၀၃) ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
14.5K views07:55
Abrir / CĂłmo
2024-04-13 11:57:43
❝သင်္ကြန်မဏ္ဍပ်ပေါ်က ရန်ပွဲနဲ့

ကိုဒိန်းဒေါင်ရဲ့ ပေါက်ကွဲသံစဥ်❞


#𝙈𝙃𝙏𝙉𝙀𝙒𝙎
20.5K viewsedited  08:57
Abrir / CĂłmo