Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 36.93K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 2

2024-06-05 13:05:00
❝ကြွယ်ပုံရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်တွေက Drop Bomb အလုံး (၂၀) နဲ့ ထပ်မံတိုက်ခိုက်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟓〕
https://t.me/myanmarhardtalk

သတင်းအပြည့်အစုံ
5.9K views10:05
Abrir / CĂłmo
2024-06-05 10:52:51
❝မန္တလေးမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူး PDF က သေနတ်နဲ့ပစ်လို့ သေဆုံး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟓〕
https://t.me/myanmarhardtalk

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန်လ ၅ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဟာ PDF က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးက ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက် ၁၃၃ လမ်း ၊ ၅၂ (ဘီ) လမ်းထောင့်မှာ နေထိုင်တဲ့ အသက် (၅၇) နှစ်အရွယ် (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင် (ခ) ဦးပြည့်မိုးဟန်ဖြစ်တယ်လို့ သိရပြီး သူဟာ အခြားအမျိုးသား ၃ ဦးနဲ့အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃+၅၃ လမ်းထောင့်မှာရှိတဲ့ “မြင့်ကျော်သူ” လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေစဥ် PDF (၂) ဦးရဲ့ ပစ်ခတ်ခြင်းကို ခံရတာလို့ ဆိုပါတယ်။

အဲဒီလို ပစ်ခတ်ခံရမူကြောင့်ပဲ ဦးရဲမြင့်ဟာ ဦးခေါင်းနောက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိပြီး အခင်းနေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.9K viewsedited  07:52
Abrir / CĂłmo
2024-06-05 10:06:55
❝လောင်းလုံး၌ ‌ကျောင်းကားတစ်စီးကို အကြမ်းဖက်အုပ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟓〕
https://t.me/myanmarhardtalk

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ ကျောင်းကြိုပို့ကား တစ်စီးကို NUG အကြမ်းဖက်အုပ်စု၏လက်အောက်ခံ PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသားတစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၄ ရက် နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်တွင် လောင်းလုံးမြို့မှ ထားဝယ်မြို့ပေါ်သို့ ပို့ဆောင်မည့် ကျောင်းကြိုပို့ကားတစ်စီး မောင်းနှင်လာစဥ် လောင်းလုံးမြို့နယ်၊ သဗျာ‌ကျေးရွာအုပ်စု ပဉ္စသီမော်နှင့် အင်းဇောက်ကျေးရွာကြား အရောက်၌ အကြမ်းဖက်သမားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ‌ကျောင်းကားပေါ်တွင် လိုက်ပါသည့် ကျောင်းသား ၈ ဦးအနက် ထားဝယ်မြို့ အမှတ် ၁ အထက်တန်းကျောင်းတွင် ပညာသင်ယူနေသည့် Grade 7 ကျောင်းသားတစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါကျောင်းသားမှာ ထားဝယ်ဆေးရုံကြီးတွင် ကုသမှုခံယူနေရသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.1K viewsedited  07:06
Abrir / CĂłmo
2024-06-05 08:24:42 ❝စစ်ကိုင်းနယ်က အကြမ်းဖက်ထောက်ပို့ အမျိုးသမီးတစ်ဦးကို အရှင် ဖမ်းဆီးရမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟓〕
https://t.me/myanmarhardtalk

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းမှ အကြမ်းဖက်ထောက်ပို့ အမျိုးသမီးတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်တွင် ကံတလူစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖမ်ူဆီးရမိသူမှာ စစ်ကိုင်းမြို့နယ်၊ ကျားမင်းကြီးကျေးရွာတွင်နေထိုင်သည့် အသက် (၃၀) နှစ်အရွယ် မထက်ထက်ဝင်း (ပညာအရည်အချင်း- သူငယ်တန်း) ဆိုသူဖြစ်ပြီး ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ ❛နယ်စည်းမခြား စစ်ကိုင်းသား❜ အမည်ခံ အကြမ်းဖက် PDF အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ညိုချော ဆိုသူနှင့် ဖေ့စ်ဘုတ်မက်ဆင်ဂျာမှ ဆက်သွယ်ထားသည်ကို တွေ့ရှိ ရသဖြင့် အသေးစိတ် စစ်ဆေးရန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အသေးစိတ်စစ်မေးရာ ၎င်းသည် ကျော်ဇေယျာကျေးရွာတွင် အခြေပြုလှုပ်ရှားသည့် ညိုချောဆိုသူ ဦးဆောင်သော ❛နယ်စည်းမခြားစစ်ကိုင်းသား❜ အမည်ခံ အကြမ်းဖက် PDF အဖွဲ့အတွက် ထောက်ပို့လုပ်ငန်းများကို ဆောင်ရွက်ပေးနေသူဖြစ်သည့်အပြင် လုံခြုံရေးယာဉ်တန်းများ ဖြတ်သန်းသွားလာသည့် အခြေအနေကို သတင်းပေးရကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် ဖမ်းမိတရားခံ အကြမ်းဖက်ထောက်ပို့ဖြစ်သူ မထက်ထက်ဝင်းကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.5K viewsedited  05:24
Abrir / CĂłmo
2024-06-05 08:24:24
❝စစ်ကိုင်းနယ်က အကြမ်းဖက်ထောက်ပို့ အမျိုးသမီးတစ်ဦးကို အရှင် ဖမ်းဆီးရမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟓〕
https://t.me/myanmarhardtalk

သတင်းအပြည့်အစုံ
5.1K viewsedited  05:24
Abrir / CĂłmo
2024-06-05 07:14:03
❝Yan Paing Soe နှင့် Dean Kyne အပါအဝင် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း ဗဟိုဘဏ် အသိပေး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟓〕
https://t.me/myanmarhardtalk

ပြည်သူများအနေဖြင့် Yan Paing Soe နှင့် Dean Kyne အပါအဝင် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှုများကို စိုးရိမ်စရာ မလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို

𝙍𝙚𝙖𝙙 𝙈𝙤𝙧𝙚... https://telegra.ph/Myanmar-Hard-Talk-06-05-5
5.2K views04:14
Abrir / CĂłmo
2024-06-04 17:41:26
❝ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ အကြမ်းဖက်သမားတွေထောင်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များကရှင်းလင်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟒〕
https://t.me/myanmarhardtalk

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ သိမ်ဆိပ်နဲ့ ဒုံဝန်းအကြားက ရထားလမ်း မိုင်တိုင်အမှတ် (၁၂၂/၁၄) နေရာမှာ ပလပ်စတစ်ပုံးနဲ့ထည့်ပြီး မြှုပ်ထားတဲ့ အကြမ်းဖက်သမားတွေရဲ့ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးကို ဒီကနေ့ ဇွန်လ ၄ ရက်၊ မွန်းလွဲ ၁၂နာရီခွဲချိန်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာကို နယ်မြေဒေသတာဝန်ရှိသူတွေနဲ့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်တွေက မွန်းလွဲ ၂ နာရီ ၅ မီနစ်မှာ ရောက်ရှိပြီး အဆိုပါမိုင်းကို ရှင်းလင်းနိုင်ခဲ့တာကြောင့် သိမ်ဆိပ်- ဒုံဝန်းလမ်းပိုင်းကို ညနေ ၄ နာရီ ၁၀ မိနစ်မှာ ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်- မော်လမြိုင်လမ်းပိုင်းရှိ အမှတ် (၈၁) အဆန်လူစီးအမြန်ရထားဟာ နှင်းပုလဲဘူတာမှာ ရပ်တန့်ခဲ့ရတဲ့အတွက် အချိန်အားဖြင့် ၃ နာရီ ၂၀ မိနစ်ကြာအောင် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသလို အမှတ် (၆၈၅) ကျောက်ရထား၊ အမှတ် (၆၈၇) ကျောက်ရထား၊ အမှတ် (၂၇၁) ကုန်ရထား

Read More... https://telegra.ph/Myanmar-Hard-Talk-06-04-10
5.1K views14:41
Abrir / CĂłmo
2024-06-04 16:54:54
MHTNewsရဲ့( 04-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
- စစ်ကိုင်းတိုင်းအတွင်းက PDF ချင်းဖြစ်တဲ့စစ်ပွဲ၊
- မူလတန်းကျောင်းကိုဗုံးခွဲတဲ့ထာဝယ် PDF ၊
- နေ့ခင်းကြောင်တောင်ဓါးပြတိုက်ခံနေရတဲ့ မန္တလေးမြို့ကလုံခြုံရေးအခြေအနေ၊
- ထိုင်းနဲ့မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဖမ်းဆီးလိုက်တဲ့ နိူင်ငံဖြတ်ကျော်ငွေကြေးခဝါချဂိုဏ်း၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.1K viewsedited  13:54
Abrir / CĂłmo
2024-06-04 15:14:32
❝ပဲခူးရိုးမထဲက အကြမ်းဖက်စခန်းကို တပ်မတော်ရှင်းလင်း၊ PDF ၅ ဦးသေ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟒〕
https://t.me/myanmarhardtalk

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းမှာရှိတဲ့ PDF အကြမ်းဖက်စခန်းကို တပ်မတော်က ဇွန်လ ၁ရက် နေ့လည်ပိုင်းမှာ ရှင်းလင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်တွေကို အလိုမရှိတဲ့ ဒေသခံပြည်သူတွေက မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း၊ ဇာမဏီတံတားအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၅ ဆိုပြီး အမည်ပေးထားတဲ့အကြမ်းဖက်စခန်းတစ်ခုရှိကြောင်း သတင်းပေးလာတဲ့အတွက် တပ်မတော်က သွားရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီနယ်မြေရှင်းလင်းမှုအတွင်းမှာ အကြမ်းဖက်သမား ၂ ဦးက နေရာမှာတင် ပွဲချင်းပြီးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရထားတဲ့ အကြမ်းဖက်သမား ၇ ဦးထဲက ၃ ဦးဟာ နောက်ရက်တွေမှာ ထပ်မံသေသွားခဲ့ကြတာလို့ အနီးမှာရှိတဲ့ ဒေသခံတွေက ပြောပြထားတာပါ။

Read More... https://telegra.ph/Myanmar-Hard-Talk-06-04-9
5.1K views12:14
Abrir / CĂłmo
2024-06-04 13:34:32
❝မြန်မာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့် ဂျပန်အသင်း ရန်ကုန်သို့ရောက်ရှိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟒〕
https://t.me/myanmarhardtalk

FIFA World Cup 2026TM Preliminary Competition Asian Zone Round 2 – Group B - Matchday 5 ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ဂျပန်လက်ရွေးစင်အသင်းဟာ ဒီကနေ့ (ဇွန်လ ၄ရက်) မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

အဆိုပါ FIFA World Cup 2026
Preliminary Competition Asian Zone (Round-2) ပွဲစဥ်ကို ဇွန်လ ၆ ရက်၊ ညနေ ၆ နာရီ မိနစ် ၄၀ အချိန် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အဲဒီပွဲစဥ်အတွက် လက်မှတ်နှုန်းထားတွေကိုတော့ ရိုးရိုးတန်း - ၂၀၀၀ ကျပ်၊ အထူးတန်း- ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ဒီကနေ့ (ဇွန်လ ၄ ရက်)၊ မနက် (၁၀)နာရီမှ စတင်ပြ သုဝဏ္ဏကွင်း ဂိတ်အမှတ် (၂)မှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
6.0K views10:34
Abrir / CĂłmo