Get Mystery Box with random crypto!

❝တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအာ | Myanmar Hard Talk

❝တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား သက်စွန့်ဆံဖျားစရိတ်များ တိုးမြှင့်ပေးခဲ့သလို အခြားနိုင်ငံ့ဝန်ထမ်းများကိုလည်း ထောက်ပံ့မှုများပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟖〕
https://t.me/myanmarhardtalk

တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တစ်နိုင်ငံလုံးဖြန့်ကျက်၍ လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ထမ်းနေခြင်းဖြစ်သဖြင့် ၎င်းတို့အတွက် သက်စွန့်ဆံဖျားစရိတ်များကို တိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထောက်ပံ့မှုများ တိုးမြှင့်ပေးခဲ့သကဲ့သို့ အခြားနိုင်ငံ့ဝန်ထမ်းများကို လည်းထောက်ပံ့မှု များပိုမို ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-08-5