Get Mystery Box with random crypto!

❝တာမွေမှာ Taxi ကားပေါ်ကနေ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ | Myanmar Hard Talk

❝တာမွေမှာ Taxi ကားပေါ်ကနေ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတွေ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟖〕
https://t.me/myanmarhardtalk

ရန်ကုန်တိုင်း​ဒေသကြီး၊ တာမွေမြို့နယ်မှာ Taxi ကားတစ်စီးပေါ်ကနေ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဇွန် ၈ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က တွေ့ရှိခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါရုပ်အလောင်းကို တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု (၃) လမ်း၊ သံလမ်းအနီးမှာ ရပ်ထားတဲ့ Toyota Fielder အမျိုးအစား Taxi ကားတစ်စီးပေါ်ကနေ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးလျှက် တွေ့ရှိခဲ့တာလို့ သိရပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့နဲ့ အခင်းဖြစ်ပွားမှု အသေးစိတ်အခြေအနေကို သိရှိနိုင်ဖို့အတွက် တာ​မွေမြို့မရဲစခန်းက လိုအပ်တဲ့ စုံစမ်းစစ်​ဆေး​မှုတွေ ပြုလုပ်နေဆဲဖြစ်​တယ်လို့ သိရပြီး ရုပ်အ​လောင်းကိုတော့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကို ပို့ပေးထားတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎