Get Mystery Box with random crypto!

❝ဂျပန်- မြန်မာ ပူးပေါင်းတည်ဆောက်ထားတဲ့ ပဲခူးမြစ်ကူး - သန်လျင်တ | Myanmar Hard Talk

❝ဂျပန်- မြန်မာ ပူးပေါင်းတည်ဆောက်ထားတဲ့ ပဲခူးမြစ်ကူး - သန်လျင်တံတား အမှတ် (၃) ယနေ့ ဖွင့်လှစ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟖〕
https://t.me/myanmarhardtalk

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ကို ဒီကနေ့ ဇွန် ၈ ရက်၊ မနက် ၉ နာရီက ဖွင့်လှစ်ခဲ့​တယ်လို့ သိရပါတယ်။

ပင်မတံတား အကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာနဲ့ အရှည် ၃၅၀၀ မီတာ၊ လေးလမ်းသွား သံမဏိကြိုးဆိုင်းအမျိုးအစားဖြစ်တဲ့ အဆိုပါတံတားစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေပူးပေါင်းတည်ဆောက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့တဲ့ ယင်းတံတားကို စတင်ဖွင့်လှစ်တဲ့ ဒီကနေ့ မေလ ၈ ရက်၊ နေ့လည်ပိုင်းမှာတော့ မော်တော်ယာဥ်တွေကို အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့ပြီး နောက်ပိုင်းမှာတော့ တံတားအသုံးပြုခကို နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြုပြီး Mobile Pay စနစ်နဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎