Get Mystery Box with random crypto!

❝ဆွာဆည်မှ ယာယီရေလှောင်တမံကို ဆည်မြောင်းတာဝန်ရှိသူများမှ ချိုးခ | Myanmar Hard Talk

❝ဆွာဆည်မှ ယာယီရေလှောင်တမံကို ဆည်မြောင်းတာဝန်ရှိသူများမှ ချိုးချလိုက်သဖြင့် ချောင်းအတွင်း ရေကြီးမှုဖြစ်ပေါ်ခဲ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟗〕
https://t.me/myanmarhardtalk

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံမှာရှိတဲ့ ယာယီရေလှောင်တမံကို ဆည်မြောင်းတာဝန်ရှိသူတွေက ဒီကနေ့ ဇွန်လ ၉ ရက် မနက်ပိုင်းမှာ ချိုးချလိုက်တာကြောင့် ဆွာချောင်းအတွင်း ရေတွေမြင့်တက်လာခဲ့ပြီး ရေဦးတိုက်ကျေးရွာတစ်ရွာဖြစ်တဲ့ ကြို့ပင်ထိုက်ရွာအတွင်းကို ရေဝင်ရောက်မယ့်အခြေအနေနဲ့ ကြုံတွေ့ခဲ့ရသလို အနှိမ့်ပိုင်းမှာရှိတဲ့ နေအိမ်အချို့ကတော့ ရေဝင်ရောက်မှု အနည်းငယ်ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက MHT NEWS ကိုပြောပါတယ်။

❝ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ ရေတွေတက်လာတာ။ စိုးရိမ်ရလောက်တဲ့အခြေအနေတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ်လည်း ရွာသူရွာသားတွေကတော့ အခုထက် ထပ်တက်လာမလားဆိုပြီး ချောင်းကမ်းပါးမှာ စောင့်ကြည့်နေရတယ်။ အခုကတော့ ရေက ထပ်မတက်တော့ဘဲ တန့်သွားတာတွေ့ရတယ်ဗျ။ အနှိမ့်မှာရှိတဲ့ အိမ်အချို့ကတော့ ရွာကုန်းပေါ်ကို ယာယီရှောင်နေရတာပေါ့လေ။ ရေကျသွားရင် ပြန်နေလို့ရမှာပါ။ လို့❞ အဲဒီဒေသခံက ပြောပြခဲ့တာပါ။

ဒါ့အပြင် ယင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးဆက်တိုက်ရွာသွန်းရာကနေ ယာယီတမံအတွင်း ရေဝင်ရောက်မှု မြင့်တက်လာခဲ့တဲ့အတွက် သက်ဆိုင်ရာ ဆည်မြောင်းတာဝန်ရှိသူတွေက ချိုးချလိုက်တာဖြစ်ကြောင်း ကြားသိရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဆွာချောင်းရေလှောင်တမံဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် မနက်အစောပိုင်းမှာ ယင်းရေလှောင်တမံရဲ့ ရေပိုလွှဲနံရံတစ်ခု ပြိုကျခဲ့ပြီးကတည်းက အဲဒီနေရာကို အကြီးစားပြန်လည်ပြုပြင်မှုတွေမလုပ်တော့ဘဲ ဆည်ရေသောက်ဧရိယာတွေမှာရှိတဲ့ လယ်မြေတွေစပါးစိုက်ပျိုးမှုအတွက် ယာယီတစ်မံတစ်ခုပြုလုပ်ထားပြီး နှစ်အလိုက် အလှည့်ကျပုံစံနဲ့ ရေပေးဝေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎