Get Mystery Box with random crypto!

❝ယနေ့ ရွှေအဖွင့်ဈေး ၁၃၈၀၀၀ ကျော် ကျဆင်းပြီး ဒေါ်လာဈေး ၃၈၀၀ ကျေ | Myanmar Hard Talk

❝ယနေ့ ရွှေအဖွင့်ဈေး ၁၃၈၀၀၀ ကျော် ကျဆင်းပြီး ဒေါ်လာဈေး ၃၈၀၀ ကျော်ဖြစ်ကြောင်းသိရ”

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟎〕
https://t.me/myanmarhardtalk

ယနေ့ ဇွန်လ ၁၀ ရက်အတွက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ၃၈၀၆•၄၆ ကျပ်ဖြစ်ကြောင်း သိရပါတယ်။

အလားတူ ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် အကယ်ဒမီ မီးလင်းရွှေစျေးကွက်၏ အဖွင့်ဈေးနှုန်း အတည်ပြုချက်မှာ ရန်ကုန် ၄,၆၅၅,၀၄၇ ကျပ်ဖြစ်ပြီး မန္တလေး ၄,၆၄၅,၀၄၇ ကျပ်ဖြစ်ကြောင်းလည်းသိရပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေစျေးကွက်၏ အပိတ် ဈေးနှုန်းမှာ ၄,၇၉၃,၁၀၀ ဖြစ်သဖြင့် ယနေ့တွင် ငွေကျပ် ၁၃၈,၀၅၃ ကျပ် ကျဆင်းသွားသည်ကို တွေ့ရသည်။

ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေဖြင့် YGEA သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန်လည်း အသိပေးထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎