Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 21

2024-05-29 06:10:01 ❝စံချိန်တင်မြင့်တက်လာတဲ့ မေ ၂၉ ရက်၊ မနက်ပိုင်း နိုင်ငံတကာ ငွေလဲနှုန်းတွေနဲ့ ရွှေဈေးနှုန်းများ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟗〕
https://t.me/myanmarhardtalk

ဒီကနေ့ (မေလ ၂၉ ရက်) မနက်ပိုင်းမှာ ဈေးကွက်သတင်းတွေက ဖော်ပြလာတဲ့ သတင်းတွေအရ

အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၃၈၀ ကျပ်
ဝယ်ဈေး - ၄၃၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

စတာလင်ပေါင်ကတော့
ရောင်းဈေး - ၅၈၀၇.၁၄ ကျပ်နဲ့
ဝယ်ဈေး - ၅၅၃၇.၁၄ ကျပ်

ယူရိုငွေက
ရောင်းဈေး - ၄၉၆၈.၈၀ ကျပ်နဲ့ ဝယ်ဈေး - ၄၇၃၃.၆၀ ကျပ်

ဂျပန်ယန်းငွေက
ရောင်းဈေး - ၂၈.၉၆ ကျပ်နဲ့
ဝယ်ဈေး - ၂၇.၅၉ ကျပ် ဖြစ်ပါတယ်။

ကိုရီးယားဝမ်ငွေရဲ့
ရောင်းဈေးက - ၃.၂၈ ကျပ်နဲ့
ဝယ်ဈေး - ၃.၁၃ ကျပ်

ထိုင်းဘတ်ငွေ
ရောင်းဈေး - ၁၂၄.၂၂ ကျပ်
ဝယ်ဈေး - ၁၁၈.၃၄ ကျပ်

တရုတ်ယွမ်ငွေက
ရောင်းဈေး - ၆၃၂ ကျပ်
ဝယ်ဈေး -၆၁၂ ကျပ်

စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ် ဖြစ်ပါတယ်။

မလေးရှားရင်းဂစ်ကတော့
ရောင်းဈေး - ၉၈၉ ကျပ်
ဝယ်ဈေး - ၉၆၉ ကျပ်

ဒူဘိုင်းငွေ
ရောင်းဈေး - ၁၂၁၉.၅၀ ကျပ်
ဝယ်ဈေး - ၁၁၆၂.၈၀ ကျပ်

ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၇၄.၃၉ ကျပ်
ဝယ်ဈေး - ၂၈၃၆.၀၉ ကျပ် ဖြစ်ပါတယ်။

ရွှေဈေးနှုန်းတွေကတော့ ပြင်ပပေါက်ဈေး အခေါက်ရွှေတစ်ကျပ်သားကို-
ရောင်းဈေး ၅,၅၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၅,၄၅၀,၀၀၀ ကျပ်

၁၅ ပဲရည်က
ရောင်းဈေး ၅,၂၀၀,၀၀၀ ကျပ်

ရွှေအသင်းရဲ့ ရည်ညွှန်းဈေးက
၁၆ ပဲရည်တစ်ကျပ်သားကို ၃,၉၉၉,၂၀၀ ကျပ်

ကမ္ဘာ့ရွှေဈေး
တစ်အောင်စကို ၂၃၄၄.၄၃ ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.2K viewsedited  03:10
Abrir / CĂłmo
2024-05-28 17:21:31
တစ်သီးပုဂ္ဂလ သတင်းစာရှင်းလင်းပွဲလုပ်ခွင့်တွေကို နိူင်ငံတော်ကပိတ်ပင်ထားတယ်လို့ ကျွန်တော်တို့သတင်းဌာနကသိထားပါတယ် ၊ အဲ့ဒီလိုအချိန်မှာဘဲ သတ္တုတွင်းလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါ်အေသင်ကိုက ဟော်တယ်တစ်ခုမှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်သွားပါတယ် ( ဒီထဲမှာ ဒေါ်အေသင်ကို ပြောထားချက်တွေဟာ ဒေါ်အေသင်ကိုရဲ့ တဖက်သက်ပြောကြားချက်တွေသာဖြစ်ပြီး ဒေါ်တသသ ဆိုသူအမျိုးသမီးရဲ့ပြောကြားချက်တွေကိုရရှိရင်လည်းတင်ဆက်ပေးသွားပါမည်)
5.1K viewsedited  14:21
Abrir / CĂłmo
2024-05-28 16:25:04
❝ဘီးလင်းမှာနေတဲ့ အမျိုးသားတစ်ဦး အုတ်တွင်းမြို့နယ်မှာလာပြီး ဆိုင်ကယ်ချိန်းကြိုးနဲ့ ဆွဲကြိုးချသေဆုံး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟖〕
https://t.me/myanmarhardtalk

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြိုနယ်၊ ဥယျာဥ်တော်ကျေးရွာမှာရှိတဲ့ "7 star KTV" ဆိုင်အရှေ့က ထိုင်ခုံပေါ်မှာ လည်ပင်းကို ချိန်းကြိုးပတ်လျက် အနေအထားနဲ့ သေဆုံးနေတာကို မေလ ၂၇ ရက်နေ့ မနက်အစောပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သေဆုံးသူဆီကနေ တွေ့ရတဲ့ မှတ်ပုံတင်အရ သူဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ နေထိုင်တဲ့ အသက် (၂၉) နှစ်အရွယ် ကိုသန်းထိုက်အောင်ဖြစ်တယ်လို့ သိရပြီး အဲဒီ အခင်းဖြစ်နေရာကို ဘယ်လိုအကြောင်းကြောင့် ရောက်လာတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမယ့် အချို့ကတော့ အဆိုပါ KTV မှာရှိတဲ့ ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ပြီး လာတွေ့တယ်လို့ ပြောနေကြတာရှိတယ်လို့လည်း ဆိုပါတယ်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-05-28-7
5.3K views13:25
Abrir / CĂłmo
2024-05-28 15:36:56 MHTNewsရဲ့( 28-05-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ ကျောင်းပြန်အပ်တဲ့ခလေးတွေကို PDF အုပ်စုကမိုင်းထောင်ဖေါက်ခွဲတဲ့သတင်း၊
⁃ အိမ်သုံးဆေးဝါးရှားပါမှု့နဲ့စျေးကြီးမှု့ပြသနာ၊
⁃ ထိုင်းနိူင်ငံထဲခိုဝင်တဲ့မြန်မာတွေကိုဖမ်းဆီးမှု့နဲ့ မလေးရှားရောက်မြန်မာတွေကိုဖမ်းဆီးနေမှု့၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.2K viewsedited  12:36
Abrir / CĂłmo
2024-05-28 15:35:46
MHTNewsရဲ့( 28-05-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ ကျောင်းပြန်အပ်တဲ့ခလေးတွေကို PDF အုပ်စုကမိုင်းထောင်ဖေါက်ခွဲတဲ့သတင်း၊
⁃ အိမ်သုံးဆေးဝါးရှားပါမှု့နဲ့စျေးကြီးမှု့ပြသနာ၊
⁃ ထိုင်းနိူင်ငံထဲခိုဝင်တဲ့မြန်မာတွေကိုဖမ်းဆီးမှု့နဲ့ မလေးရှားရောက်မြန်မာတွေကိုဖမ်းဆီးနေမှု့၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.1K viewsedited  12:35
Abrir / CĂłmo
2024-05-28 12:26:36
မြန်မာနိုင်ငံအတွင်းကို တရားဝင်ခွင့်ပြုချက်နဲ့ မှတ်ပုံတင်ပြီး တင်သွင်းနေတဲ့ ဆေးဝါးတွေကို အတုအပပြုလုပ်ကာ တရားမဝင်တင်သွင်းပြီး ဈေးကွက်အတွင်း ရောင်းချနေတဲ့ ဆေးဝါး (အတုအပ) တွေကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အများပြည်သူတွေအနေနဲ့ အိမ်သုံးဆေးဝါးတွေကို ဝယ်ယူအသုံးပြုတဲ့အခါ အတုအပတွေကနေ ရှောင်ရှားနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

ဆေးဝါး အတုအပနဲ့ ဆေးဝါးအစစ်ကို အလွယ်တကူ ခွဲခြားသိရှိနိုင်ဖို့ ဖော်ပြပါပုံများမှာ အသေးစိတ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
7.1K views09:26
Abrir / CĂłmo
2024-05-27 16:48:47 MHTNewsရဲ့( 27-05-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ စစ်ကိုင်းပြန်ပေးမှု့ရဲ့နောက်ဆက်တွဲသတင်း၊
⁃ အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင်က မြန်မာအစိုးရကိုယ်စားလှယ်ကိုဖိတ်ကြားတဲ့သတင်း၊
⁃ မြန်မာငွေရှင်တွေ ဘာကြောင့်ထိုင်းနိူင်ငံ အိမ်ခြံမြေစျေးကွက်ကိုတိုးဝင်နေကြတာလဲ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.4K viewsedited  13:48
Abrir / CĂłmo
2024-05-27 16:45:44
MHTNewsရဲ့( 27-05-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ စစ်ကိုင်းပြန်ပေးမှု့ရဲ့နောက်ဆက်တွဲသတင်း၊
⁃ အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင်က မြန်မာအစိုးရကိုယ်စားလှယ်ကိုဖိတ်ကြားတဲ့သတင်း၊
⁃ မြန်မာငွေရှင်တွေ ဘာကြောင့်ထိုင်းနိူင်ငံ အိမ်ခြံမြေစျေးကွက်ကိုတိုးဝင်နေကြတာလဲ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.6K viewsedited  13:45
Abrir / CĂłmo
2024-05-27 13:02:59
❝မုန်တိုင်းအရှိန်ဖြင့် ကျရောက်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ဧရာဝတီတိုင်းအတွင်း၌ လူနှစ်ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟕〕
https://t.me/myanmarhardtalk

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏အရှိန်ဖြင့် မေလ ၂၅ ရက်နှင့် ၂၆ ရက်က ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ဧရာဝတီတိုင်းအတွင်း၌ သစ်ပင်လဲကျကာ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အခြားပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရ သည်။ 

အဆိုပါမိုးသက်လေပြင်းဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေမြင်တင်ဘုန်းကြီးကျောင်းအနီးရှိ ဗောဓိညောင်ပင်ကြီး အမြစ်ကျွတ်ထွက်လဲကျကာ စေတီတော်ထီးတော် ထိခိုက်ပျက်စီးခဲ့သလို ဟင်္သာတ- အင်္ဂပူလမ်းမကြီး မိုင်တိုင် ၅/၄ နှင့် မိုင်တိုင် ၆/၅ ကြား၌ မလေးရှားပိတောက်ပင်လဲကျကာ လမ်းသွားလမ်းလာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟုဆိုသည်။ 

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-05-27-11
5.6K views10:02
Abrir / CĂłmo
2024-05-27 09:23:11
❝အစိုးရမဟုတ်တဲ့သူတွေ တက်ခွင့်မရှိတဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်❞

≋သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးတို့အတွက် လက်ရှိ ဆောင်ရွက်နေမှုများကို အသိပေးဆွေးနွေးခဲ့ဟုဆို≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟕〕
https://t.me/myanmarhardtalk

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ မေ ၁၉ ရက်ကနေ ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ (၃၉)ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို ဘယ်နိုင်ငံက ဘယ်သူတွေတက်ရောက်ခဲ့ကြပြီး ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ ဒီသတင်းမှာ https://telegra.ph/Myanmar-Hard-Talk-05-27-9 ဖတ်ရှုနိုင်ပါပြီ။
5.1K views06:23
Abrir / CĂłmo