Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 2

2024-06-25 07:46:43
TNLA အကြမ်းဖက်အဖွဲ့အမြစ်ပြုတ်ရေးစစ်ပွဲ နောက်ဆုံးရသတင်း။
######################
ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်ကြားတိုက်ပွဲမနက်၅း၄၀ကစတင်ဖြစ်ပွား

လားရှိူး-သီပေါကြား..ဆွတ်လန်းရွာအနီး၇း၃၀ဝန်းကျင်..တံတားဖြူကိုTNLAမိုင်းခွဲဖျက်ဆီး

ကျောက်မဲမြို့စခန်းသာအနီးဝန်းကျင်ထိတွေ့မှုရှိဆဲဖြစ်..​ပြည်ထောင်စုလမ်းမကြီးပိတ်...ကျင်သီတံတားပိတ်သွားပြီးခရီးသည်နှင့်ကားများလမ်းတွင်ပိတ်မိနေ

လားရှိူး...အသင့်အနေအထားပြင်ဆင်ထား

ကျောက်မဲမှမိုးကုတ်ဘက်အထွက်ငြိမ်းချမ်းရေးကုန်းတွင်ထိတွေ့မှုဖြစ်နေ

နောင်ချို..ကြောက်ကြမ်းရွာရှိတပ်မတော်စခန်းအားtnlaအဓိကထားဝင်လုံးနေ
3.7K viewsedited  04:46
Abrir / CĂłmo
2024-06-25 06:31:18
❝ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟓〕
https://t.me/myanmarhardtalk

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂၅ ရက်‌မနက် ၅ နာရီ ခန့်ကစ​ပြီး တပ်မတော်နဲ့ TNLA အဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

❝ကျောက်မဲ ငြိမ်းချမ်းရေးကုန်းဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်။ မနက်အစောကတည်းကပဲ။ ကျောက်မဲ နဲ့ နောင်ချိုကို အခု သွားလို့ မရတော့ဘူး။ ကားသမားတွေကတော့ သီပေါမှာ ရပ်နေရတယ်လို့ ပြောကြတယ်ဗျ။❞ လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။

လက်ရှိ ကျောက်မဲမြို့မှာ ဗဟိုဈေးကို ပိတ်ထားလိုက်သလို လမ်းတွေပေါ်မှာ လူအသွားအလာမရှိတော့ဘဲ ဂုတ်တွင်းလမ်းကိုလည်း ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။

အလားတူ ပြည်ထောင်စုလမ်းမ အနီး ကျောက်မဲမြို့နယ် စခန်းသာ တောင်ဘက်မှာလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပြီး သီပေါအထွက်က စွတ်လမ်းတံတားကိုလည်း ချိုးလိုက်ပြီလို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.8K viewsedited  03:31
Abrir / CĂłmo
2024-06-25 05:56:49
❝ယနေ့ ရွှေအဖွင့်ဈေး ကျပ်ငါးသောင်းကျော် ထပ်မံကျဆင်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟓〕
https://t.me/myanmarhardtalk

ဒီကနေ့ (ဇွန်လ ၂၅ ရက်)၊ နံနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်းက ရန်ကုန်- ၄,၅၃၄,၂၉၆ ကျပ်နဲ့ မန္တလေး ၄,၅၂၄,၂၉၆ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်း(ရန်ကုန်) ဟာ ၄,၅၈၆,၀၆၈ ကျပ်ဖြစ်တာကြောင့် ဒီကနေ့မှာ ၅၁၇၇၂ ကျပ် ကျဆင်းသွားတာ တွေ့ရပါတယ်။

ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေနဲ့ YGEA ရဲ့ ယခု သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်း၊ အဝယ်ပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.6K viewsedited  02:56
Abrir / CĂłmo
2024-06-25 05:30:36
❝မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟓〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးမှုများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က ဇွန်လ ၂၄ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းဆွေးနွေးမှုအတွင်း ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များပါဝင်သလို နှစ်နိုင်ငံအကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.6K viewsedited  02:30
Abrir / CĂłmo
2024-06-25 04:00:51
❝ စက်သုံးဆီတင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

https://t.me/myanmarhardtalk
#𝙢𝙝𝙩𝙣𝙚𝙬𝙨
3.4K views01:00
Abrir / CĂłmo
2024-06-24 17:24:34
❝ပဲခူးဆရာတော်ကြီး ပျံလွန်တော်မူခံ့ရမှုအပေါ် ဝမ်းနည်ကြေကွဲရကြောင်းနှင့် အလေးအနက်ထားတောင်းပန်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လျှောက်ထားလွှာပေးပို့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းပန်လျှောက်ထားလွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါ တောင်းပန်လျှောက်ထားလွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ယနေ့ ဇွန်လ ၂၄ ရက်တွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီး ဦးတင်လွင်မှ ဖတ်ကြားလျှောက်ထားပြခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တောင်းပန်လျှောက်ထားလွှာတွင် ❝ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီး ပဓာန နာယကဆရာတော် ဝိနယာဓိက ပရိယတ္တိ ပထမကျော်နှင့် နိုင်ငံတော်အစိုးရ ပထမကျော်၊....

Read More... https://telegra.ph/Myanmar-Hard-Talk-06-24-8
3.7K views14:24
Abrir / CĂłmo
2024-06-24 15:58:25 MHTNewsရဲ့( 24-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- ပြင်သစ်နိူင်ငံ ပဲရစ်မြို့ မြန်မာသံရုံးကထွက်ပြေးသွားတဲ့သံရုံးဝန်းထမ်းဘယ်ရောက်နေမလဲ၊
- တရုတ်နှင့်ဖိလစ်ပိုင်စစ်ဖြစ်လာနိူင်မလား၊
- ရုရှားနှင့်နေတိုးတိုက်ရိုက်စစ်ပွဲတွေဖြစ်လာနိူင်မလား၊
- သတင်းတွေကိုဘာကြောင့်စိတ်မဝင်စားတော့တာလဲ၊
- ဆန်၊ဆီနှင့်ပက်သတ်ပြီး အစိုးရဘာတွေလုပ်နေလဲ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
4.1K views12:58
Abrir / CĂłmo
2024-06-24 15:57:46
MHTNewsရဲ့( 24-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- ပြင်သစ်နိူင်ငံ ပဲရစ်မြို့ မြန်မာသံရုံးကထွက်ပြေးသွားတဲ့သံရုံးဝန်းထမ်းဘယ်ရောက်နေမလဲ၊
- တရုတ်နှင့်ဖိလစ်ပိုင်စစ်ဖြစ်လာနိူင်မလား၊
- ရုရှားနှင့်နေတိုးတိုက်ရိုက်စစ်ပွဲတွေဖြစ်လာနိူင်မလား၊
- သတင်းတွေကိုဘာကြောင့်စိတ်မဝင်စားတော့တာလဲ၊
- ဆန်၊ဆီနှင့်ပက်သတ်ပြီး အစိုးရဘာတွေလုပ်နေလဲ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
3.7K views12:57
Abrir / CĂłmo
2024-06-24 11:23:56 ❝ဖုန်းနဲ့ ဆိုင်ကယ်လိုချင်လို့ PDF အချင်းချင်းသတ်ဖြတ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ PDF အချင်းချင်းသတ်ဖြတ်ပြီး ဖုန်းနဲ့ ဆိုင်ကယ်အပါအဝင် အသုံးအဆောင်ပစ္စည်းတွေလူယူတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်သမားတွေအသုံးပြုနေတဲ့ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာ (Facebook Page) တစ်ခုက ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရတဲ့ အကြမ်းဖက်သမားက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ စိုင်းနောင် ဆိုသူဖြစ်တယ်လို့သိရပြီး သူ့ကို ဒီးမော့ဆို တပ်ရင်း ၄ က အကြမ်းဖက်သမား လာစရု ဆိုသူက ဦးဆောင်ပြီး ဂျိုးဇက် နဲ့ မောင်ငယ်ဆိုသူတို့က ဒီးမော့ဆိုမြို့နယ် တစ်နေရာမှာ သတ်ဖြတ်ခဲ့ပြီးနောက် ဖုန်းနဲ့ ဆိုင်ကယ်အပါအဝင် အသုံးအဆောင်ပစ္စည်းတွေလူယူသွားခဲ့တာလို့ ရေတာရှည်အကြမ်းဖက်ပေ့ချ်တစ်ခုက ဒီကနေ့ ဇွန်လ ၂၄ ရက်မှာ ဖော်ပြခဲ့တာပါ။

သတ်ဖြတ်ခံရတဲ့အထဲမှာ ရေတာရှည်က အကြမ်းဖက်သမား စိုင်းနောင် ဆိုသူနဲ့အတူ အကြမ်းဖက် တပ်ရင်း ၃၅၀၁ ရဲ့ ဒုတပ်ရင်းမှူး စောဂျက် ဆိုသူလည်း ပါဝင်ခဲ့ပေမယ့် သူကတော့ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အဲဒီ ရေတာရှည်အကြမ်းဖက်ပေ့ချ်တစ်ခုရဲ့ ဖော်ပြထားမှုအရ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.7K viewsedited  08:23
Abrir / CĂłmo
2024-06-24 11:23:35
❝ဖုန်းနဲ့ ဆိုင်ကယ်လိုချင်လို့ PDF အချင်းချင်းသတ်ဖြတ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

သတင်းအပြည့်အစုံ

3.6K viewsedited  08:23
Abrir / CĂłmo