Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 7

2024-06-21 07:19:58
❝ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟏〕
https://t.me/myanmarhardtalk

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းပွဲကို ဇွန်လ ၂၀ မွန်းလွဲပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အခမ်းအနား၌ တိုင်းမှူးက လက်နက်များတပ်ဆင်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်းပေးရာ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် စားသောက် ဖွယ်ရာများပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.6K viewsedited  04:19
Abrir / CĂłmo
2024-06-21 07:06:27
❝ပြန်ကြားရေးဝန်ကြီး တရုတ်ခရီးစဥ်မှ ပြန်လည်ရောက်ရှိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟏〕
https://t.me/myanmarhardtalk

(၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် (5th Lancang-Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း- မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန် ၁၉ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများတွင် ဆက်လက်၍ကြည့်ရှုလေ့လာခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ လေ့လာရေးအဖွဲ့သည် ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ယူနန်ပြည်နယ်၊ ယွိရှီမြို့ရှိ မန်ကျည်းပင်ပြတိုက်သို့သွားရောက်ကြပြီး ကုန်ကြမ်းမှကုန်ချောအထိ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် အရည်၊ အခဲ၊ သံဘူး၊ အိတ်စသည့် ခေတ်မီထုပ်ပိုးမှုပုံစံ ခုနစ်မျိုးဖြင့် စားသောက်ကုန်အမျိုးအစား ၁၀၀ ကျော်....

Read More... https://telegra.ph/Myanmar-Hard-Talk-06-21-5
3.7K views04:06
Abrir / CĂłmo
2024-06-20 16:05:48 MHTNewsရဲ့( 20-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ကိုတကယ်သတ်တာဘယ်သူတွေလဲ၊
- မြောက်ကိုရီးယာကိုတိုက်ရင်ရုရှားကလည်းမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးဖို့နှစ်နိူင်ငံသဘောတူ၊
- ရုရှားရဲ့မဟာမိတ်နိူင်ငံတွေမှာတာဝေးပစ်လက်နက်တွေဖြန့်ကျက်ထားမယ်၊
- ဥရောပမှာဖြန့်ထားတဲ့အမေရိကန်ရဲ့နူးကလီးယားလက်နက်တွေပြန်သိမ်းဖို့ရုရှားတောင်းဆို၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
4.7K viewsedited  13:05
Abrir / CĂłmo
2024-06-20 16:04:51
MHTNewsရဲ့( 20-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ကိုတကယ်သတ်တာဘယ်သူတွေလဲ၊
- မြောက်ကိုရီးယာကိုတိုက်ရင်ရုရှားကလည်းမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးဖို့နှစ်နိူင်ငံသဘောတူ၊
- ရုရှားရဲ့မဟာမိတ်နိူင်ငံတွေမှာတာဝေးပစ်လက်နက်တွေဖြန့်ကျက်ထားမယ်၊
- ဥရောပမှာဖြန့်ထားတဲ့အမေရိကန်ရဲ့နူးကလီးယားလက်နက်တွေပြန်သိမ်းဖို့ရုရှားတောင်းဆို၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
8.2K viewsedited  13:04
Abrir / CĂłmo
2024-06-20 16:01:55
❝ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံသံအမတ်ကြီးတို့ တောင်ကြီး၌ အလုပ်သဘောတွေ့ဆုံ❞

≋ပင်းပက်စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရန် ရုရှားသံအမတ်ကြီးက တွန်းအားပေးခဲ့ဟုဆို≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov တို့သည် ဇွန် ၁၉ ရက်က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးခန်းမ၌ အလုပ်သဘော တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပင်းပက်စက်ရုံကို သွားရောက်လေ့လာခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရန် တွန်းအားပေးခဲ့သည်ဟု သိရပြီး စဝ်စံထွန်းဆေးရုံကိုလည်း လေ့လာမည်ဟုဆိုသည်။

ရှမ်းပြည်နယ်သည် သဘာဝရှုခင်းများဖြင့် လှပသလို ပြည်နယ်သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်သည့်အတွက် ရုရှားနိုင်ငံနှင့်တူကြောင်း ပြောဆိုခဲ့ပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-06-20-9
4.5K views13:01
Abrir / CĂłmo
2024-06-20 12:17:38
❝ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံအပါအဝင် အစီအမံကြီးသုံးခုကို မြန်မာနိုင်ငံနဲ့အတူ ဖော်ဆောင်မယ်လို့ တရုတ်ပြော❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံး ဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံဆိုတဲ့ အစီအမံကြီးသုံးခုကို မြန်မာနိုင်ငံနဲ့အတူ ချိတ်ဆက်ဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ နိုင်ငံရေးရာသံမှူး မစ္စချောင်လီက ပြောပါတယ်။

ယမန်နေ့ (ဇွန်လ ၁၉ ရက်)က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှာပြုလုပ်တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ယခုလို ပြောကြားခဲ့တာပါ။

အလားတူ သံမှူး Mrs. Qiao Li က လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) က တရုတ်-မြန်မာ ယခင်ခေါင်းဆောင်များ အတူတကွအဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်ဟာ ယနေ့ခေတ်နိုင်ငံတကာဆက်ဆံရေးအခြေခံသတ်မှတ်ချက်နဲ့ နိုင်ငံတကာဥပဒေ အခြေခံမူဖြစ်လာပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက်လည်း ခွန်အားများ အဆက်မပြတ် ဖြည့်ဆည်းပေးနေသလို...

Read More... https://telegra.ph/Myanmar-Hard-Talk-06-20-8
5.2K views09:17
Abrir / CĂłmo
2024-06-20 11:15:53
ဗုဒ္ဓဘာသာဝင်ခြင်းတူသော်လည်းထိုင်းဗုဒ္ဓဘာသာဝင်တွေရဲ့သာသနာပြုမှု့နှင့် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့သာသနာပြုမှု့ဘာတွေကွာခြားသလဲ ၊ ထိုင်းဗုဒ္ဓဘာသာဝင်တွေက ခလေးတွေကိုဘယ်လိုသင်ကြားပေးသလဲ ၊ စတာတွေကို WORLD-PEC အဖွဲ့ကြီးရဲ့ပဥ္စမအကြိမ်မြောက်ဆုပေးပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေနှင့်မြန်မာနိူင်ငံဆိုင်ရာပူးပေါင်းလုပ်ဆောင်သူတွေကို MHT သတင်းဌာနကမေးမြန်းထားပါတယ်။
#mhtnews
7.7K views08:15
Abrir / CĂłmo
2024-06-20 09:50:46
❝ဆန်နှင့်ဆီ စျေးနှုန်းတည်ငြိမ်ရေး ဦးစားပေးဆောင်ရွက်နေဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

ဆန်နှင့် စားသုံးဆီစျေးနှုန်းတည်ငြိမ်ရေးကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

ဇွန်လ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးက အခြေခံစားသောက်ကုန်ပစ္စည်း စျေးနှုန်းမတည်ငြိမ်မှုများနှင့် ရုတ်တရက်ကုန်စျေးနှုန်း မြင့်တက်လာမှုများကြောင့် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ပုံသေလစာရရှိသည့် ဝန်ထမ်းများကို အဓိက ထိခိုက်ခံစားရသဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ရှိသူများအနေဖြင့် ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်ကိုလည်း...

Read More... https://telegra.ph/Myanmar-Hard-Talk-06-20-7
5.4K viewsedited  06:50
Abrir / CĂłmo
2024-06-20 09:29:47
❝PDF လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံ စာသင်တိုက် ဆရာတော်၏ ဥတုဇ ရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

မန္တလေးတိုင်းဒေသကြီး မြို့သာနှင့် ပန်းချီကမ္မရွာကြား၌ ဇွန်လ ၁၉ ရက်က PDF အကြမ်းဖက်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြော ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်၏ ဥတုဇရုပ်ကလာပ်အား ပဲခူးမြို့ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ခံ့ရာ ဇွန် ၂၀ ရက်နံနက် ၄ နာရီ တွင် ကျောင်းတိုက်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ဆရာတော်ဘုရားကြီးသည် ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန (ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ မဟန (ငြိမ်း) တို့နှင့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ဇွန် ၂၀ ရက်တွင် ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်း ‌ဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့...

Read More... https://telegra.ph/Myanmar-Hard-Talk-06-20-6
5.5K views06:29
Abrir / CĂłmo
2024-06-20 07:57:19
❝ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူကိုသတ်ပြီး ရွှေထည်ပစ္စည်းလုယက်ရာတွင် ပါဝင်ခဲ့သည့် တရားခံတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟎〕
https://t.me/myanmarhardtalk

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ရာတွင် ပါဝင်ခဲ့သည့် တရားခံနှစ်ဦးအနက် တစ်ဦးကို သက်သေခံရွှေထည် ပစ္စည်းများ နှင့်အတူ ဇွန်လ ၁၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံပိုင်သတင်းထုတ်ပြန်မှုအရ သိရသည်။

ဖမ်းဆီးရမိသူမှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းအုပ်စု၊ ဥဒေါင်း ကျေးရွာတွင်နေထိုင်သည့် ကံပိုင် (ခ) ကိုဖြိုး (ခ) ပြည့်ဖြိုးအောင်(၃၈)နှစ်၊ (ဘ)ဦးမြင့်အောင် ဆိုသူဖြစ်သည်ဟု သိရပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သည့် မတ္တရာ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် မင်္ဂလာပါ (အမည်လွှဲ)နှင့်အတူ ယင်းပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-06-20-5
7.3K views04:57
Abrir / CĂłmo