Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 5

2024-06-22 11:10:30
❝ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား လိုအပ်သည့် ခေါ်ယူမေးမြန်းမှုများ ဆောင်ရွက်နေဟုဆို❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံစားသုံးသူဈေးကွက်ဖြစ်သည့် ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများအဆမတန် မြင့်တက်တေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူများအား ခေါ်ယူကာ လိုအပ်သည်များ မေးမြန်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းများက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးမှုအတွင်း ပါဝင်သူများကို သတင်းထုတ်ပြန်ချက်တွက် ဖော်ပြမထားသော်လည် မြန်မာနိုင်ငံ ဆန်အသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ ဦးနေလင်းဇင် အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များ ပါဝင်သည်ဟု MRF ထိပ်ပိုင်းခေါင်ဆောင်တစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ VOA သတင်းက ဖော်ပြထားသည်။

လက်ရှိပြည်တွင်းဆန်ဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်း (ထိပ်စအိုးဝင်) ဆန်ဈေးနှုန်းမှာ အမြင့်ဆုံး ၁၈၀၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေသလို ဧည့်မထအုပ်စုဝင် ဆန်ဈေးက တစ်အိပ် တစ်သိန်းမှ တစ်သိန်းနှစ်သောင်းအတွင်း ဈေးပေါက်နေသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.8K viewsedited  08:10
Abrir / CĂłmo
2024-06-22 10:35:00
❝မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၄ ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းမိ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕
https://t.me/myanmarhardtalk

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဇွန်လ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန် ပိုင်ဆိုင်သည့် ခြံအမှတ် (ဝကလ-၀၆၄)ရှိ ငါးကန်ဟောင်းနေရာ၌ တရုတ်နိုင်ငံသားများ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်၊ ရှန်ရင်တုန့်ပိုင်မြို့နေ ရှောက်ဟူ(၃၄)နှစ် (ဘ)ဝမ်းလိ၊ ဖူးကျန့်ပြည်နယ်၊ လုံးရမ်မြို့နေ လောင်ရောင်း(၄၅)နှစ် (ဘ) လောင်ဖိန်း၊ ဟူနန်ပြည်နယ်၊ ဟိန်းရမ်မြို့နေ လောက်လျိုး(၃၄)နှစ်

Read More... https://telegra.ph/Myanmar-Hard-Talk-06-22-6
3.7K views07:35
Abrir / CĂłmo
2024-06-22 09:19:10
ဗုဒ္ဓဘာသာဝင်ခြင်းတူသော်လည်းထိုင်းဗုဒ္ဓဘာသာဝင်တွေရဲ့သာသနာပြုမှု့နှင့် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့သာသနာပြုမှု့ဘာတွေကွာခြားသလဲ ၊ ထိုင်းဗုဒ္ဓဘာသာဝင်တွေက ခလေးတွေကိုဘယ်လိုသင်ကြားပေးသလဲ ၊ စတာတွေကို WORLD-PEC အဖွဲ့ကြီးရဲ့ပဥ္စမအကြိမ်မြောက်ဆုပေးပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေနှင့်မြန်မာနိူင်ငံဆိုင်ရာပူးပေါင်းလုပ်ဆောင်သူတွေကို MHT သတင်းဌာနကမေးမြန်းထားပါတယ်။
#mhtnews
4.3K views06:19
Abrir / CĂłmo
2024-06-22 05:07:48 ❝ACD အဖွဲ့ဝင်နိုင်ငံများ၏ (၁၉) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕
https://t.me/myanmarhardtalk

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (ACD) အဖွဲ့ဝင်နိုင်ငံများ၏ (၁၉) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌ ဇွန်လ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ACD သည် ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံမှ စတင်ခဲ့သော ဒေသတွင်းဖိုရမ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၃၅ နိုင်ငံပါဝင်ကာ ယခု (၁၉) ကြိမ်မြောက် ACD ဝန်ကြီးအဆင့် အစည်းအဝေးကို “အာရှအသိုက်အဝန်းဆီသို့ မြှင့်တင်ပေးသည့် ACD ဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။

အစည်းအဝေးတွင် ဒစ်ဂျစ်တယ်နှင့် အိုင်စီတီ၊ ခရီးသွားလုပ်ငန်း၊ အားလုံးပါဝင်နိုင်သောနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ACD အသေးစိတ်အစီအစဉ် 2021 – 2030 တို့ကို အကောင်အထည်ဖော်ခြင်းစသည့် အပြန်အလှန်အကျိုးရှိစေမည့် နယ်ပယ်များတွင် ACD အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.9K viewsedited  02:07
Abrir / CĂłmo
2024-06-22 05:07:28
❝ACD အဖွဲ့ဝင်နိုင်ငံများ၏ (၁၉) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နစက၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕
https://t.me/myanmarhardtalk

သတင်းအပြည့်အစုံ

3.7K viewsedited  02:07
Abrir / CĂłmo
2024-06-22 04:28:32
❝ပြည်တွင်းသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြည်ပခရီးသွား ၅ သိန်း ၂ သောင်းခန့်ဝင်ရောက်ခဲ့❞

≋ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာဟုဆို≋


 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (ပထမငါးလအတွင်း) ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ်အလားတူ ကာလအတွင်း ခရီးသွားဧည့်သည်ရောက်ရှိမှု ၃ သိန်း ၁ သောင်းကျော်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါ က ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာခဲ့သည်ဟု အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေး(၁/၂၀၂၄) သို့ တက်ရောက်...

Read More... https://telegra.ph/Myanmar-Hard-Talk-06-22-5
3.4K views01:28
Abrir / CĂłmo
2024-06-22 03:28:43
❝ စက်သုံးဆီတင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

https://t.me/myanmarhardtalk
#𝙢𝙝𝙩𝙣𝙚𝙬𝙨
3.7K views00:28
Abrir / CĂłmo
2024-06-21 17:48:17
❝လက်အောက်ဝန်ထမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် NUG ၏ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်ဆိုသူ ဆလိုင်းအိုက်ဇက်ခင်ကို အရေးယူပေးရန် WAC-M တောင်းဆို❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟏〕
https://t.me/myanmarhardtalk

မိမိ၏ လက်အောက်ဝန်ထမ်း အတွင်းရေးမှူးဖြစ်သူ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့သည့် အကြမ်းဖက် NUG ၏ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်ဆိုသူ ဆလိုင်းအိုက်ဇက်ခင် အား အရေးယူပေးရန် အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ(WAC-M)က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။

အဆိုပါ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခဲ့ရခြင်းနှင့်ပတ်သက်၍ အရေးယူပေးရန် ၎င်းဝန်ထမ်းက အကြမ်းဖက် NUG ထံ တောင်းဆိုခဲ့သော်လည်း NUG က ထိရောက်စွာ အရေးယူမှုမလုပ်ဘဲ နှုတ်အားဖြင့်သာ သတိပေးခဲ့သလို စော်ကားသူဖြစ်သည့် ဆလိုင်းအိုက်ဇက်ခင်ကပါ တိုင်ကြားခဲ့သော ဝန်ထမ်းအမျိုးသမီးနှင့် သက်သေ ထွက်ဆိုသော ဝန်ထမ်းတို့ကို တာဝန်မှ ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။

အပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-06-21-11
5.0K views14:48
Abrir / CĂłmo
2024-06-21 17:30:34
ပြည်ဖျက်မီဒီယာတွေ သွေးထိုးလို့ မပြီးဆုံးနိုင်သေးတဲ့ ပဲခူးဆရာတော်ကြီးကိစ္စနဲ့ပတ်သက်လို့ ဖြစ်စဥ်အခြေအနေတွေကို သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ရှင်းလင်းထားပါတယ်။

ရုပ်သံမှာ အပြည့်အစုံကြည့်ရှုနိုင်ပါပြီ။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.4K viewsedited  14:30
Abrir / CĂłmo
2024-06-21 16:28:18 MHTNewsရဲ့( 21-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အသတ်ခံရတာနှင်ပက်သက်ပြီးစုံခုံဖွဲ့၊
- ဂျိုးဘိုင်ဒန်၊ရှီကျင့်ဖင့်၊ပူတင်တို့ ဘာကြောင့်ဗီယက်နမ်ကိုလာကြသလဲ၊
- မပြီးဆုံးနိူင်တဲ့မြန်မာ့စားအုန်းဆီပြသနာ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
3.7K views13:28
Abrir / CĂłmo