Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 4

2024-06-23 16:57:53
❝မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တီဟီရန်မြို့၌ သီးသန့်တွေ့ဆုံ❞

≋မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့≋


 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် တီဟီရန်မြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အေစီဒီလက်ရှိဥက္ကဋ္ဌလည်းဖြစ်၊ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ အလီဘာဂယ်ရီကာနီနှင့် ဇွန်လ ၂၃ ရက် ဒေသစံတော်ချိန် ၁၀ နာရီတွင် တီဟီရန်မြို့၌ သီးခြားတွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ 

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို...

Read More... https://telegra.ph/Myanmar-Hard-Talk-06-23-8
3.8K views13:57
Abrir / CĂłmo
2024-06-23 13:23:44
❝စစ်ကိုင်းတိုင်းထဲက ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းတွေကို လျာထားချက်အပြည့် ထုတ်လုပ်/ သယ်ယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီမယ်ဟုဆို≋

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကလေးဝ၊ မော်လိုက်၊ တမူး စတဲ့မြို့နယ်တွေမှာ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေအနေနဲ့ သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမယ့် လျာထားချက်အပြည့် ထုတ်လုပ်နိုင်ဖို့နဲ့ ထုတ်လုပ်ပြီးကျောက်မီးသွေးတွေအားလုံးကို သယ်ယူနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောပါတယ်။
 
ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးတူးဖော်လုပ်ကိုင်နေတဲ့ ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ 

ဒါ့အပြင် ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့တဲ့ မြေနေရာတွေကို....

Read More... https://telegra.ph/Myanmar-Hard-Talk-06-23-7
4.1K views10:23
Abrir / CĂłmo
2024-06-23 12:11:58
❝လူနာတင်ယာဉ်ကို PDF က ပစ်ခတ်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ၁၈ ရပ်ကွက်အထွက်၊ မြို့ပတ်လမ်း၌ လူနာတင်ယာဉ်တစ်စီးကို Black Tiger အမည်ခံ PDF အကြမ်းဖက်အုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်ပေါ်ပါရှိသည့် သံဃာတစ်ပါး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဖြစ်စဥ်သည် ယမန်နေ့ (ဇွန် ၂၂ ရက်) ည ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့် လူနာတင်ယာဥ်မှာ ဆခမကျေးရွာမှ မြတ်ပုညပရဟိတယာဉ်ဖြစ်ကာ လူနာပို့ပြီးပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သည်ဟုဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့်ပင် ယာဉ်ပေါ်လိုက်ပါလာသည့် ဆခမကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သက်တော် ၅၀ ၊ ဝါတော် ၁၂ ဝါရှိ ဆရာတော် ဦဥတ္တမ၏ ဦးခေါင်းကို ကျည်ထိမှန်ကာ ပျံလွန်တော်မူခဲ့ပြီး ယာဉ်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.3K views09:11
Abrir / CĂłmo
2024-06-23 08:24:27
❝သန်လျင်တံတားအသစ်ပေါ်ကနေ ကုန်တင်ကားကြီးတွေဖြတ်သန်းဖို့ အချိန်သတ်မှတ်ပေးသွားမည်ဟုဆို❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်တိုက်မှုအန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃) ပေါ်မှ ကုန်တင်ယာဥ်ကြီးများ ဖြတ်သန်းသွားလာနိုင်မည့်အချိန်ကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် အဆိုပါ သန်လျင်တံတား အမှတ်(၃) ပေါ်မှ ခြောက်ဘီး၊ ရှစ်ဘီးကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့် ပြုထားသော်လည်း ၁၀ ဘီး၊ ၁၂ ဘီး ၊ ၁၄ ဘီး ၊ ၁၈ ဘီး၊ ၂၂ ဘီး စသည့်တွဲကားကြီးများကို အချိန်သတ်မှတ်ချက်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုရန် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။

သန်လျင်တံတားသစ် အမှတ် (၃) ကို ဇွန် ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဇွန် ၁၆ ရက်မှစ၍ ယာဉ်အမျိုးအစားအလိုက် တံတားအသုံးပြုခများကိုလည်း ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
4.4K viewsedited  05:24
Abrir / CĂłmo
2024-06-23 05:41:09 ❝ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးပြီးနောက် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ထုတ်ပြန်လာ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ တာဝန်ရှိသူများကို နစကမှ လိုအပ်သည့် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ပေါ်ဆန်းမွှေးဆန်များနှင့် ဧည့်မထဆန်များကို သက်သာသောဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာခဲ့သည်။

အဆိုပါရောင်းချမှုများကို မနက်ဖြန် (ဇွန်လ ၂၄ ရက်) မှစတင်ကာ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်နှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်များ၌ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ပေါ်ဆန်းဆန် တစ်ပြည်လျှင် ကျပ် ၅,၀၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃,၀၀၀ နှင့် ပေါ်ဆန်းဆန် ၁၀ ကီလို (၅ ပြည်) တစ်အိတ် ကျပ် ၂၅,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အိတ်လိုက်ဝယ်ယူလိုသူများအတွက် ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၅,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြားနှင့် ဧည့်မထဆန် (၁၅%) တစ်အိတ် ကျပ် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကြားဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးစား ဆန်တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်ကို ဝယ်ယူနိုင်မည်ဖြစ်ကာ အိမ်ထောင်စုစာရင်းမိတ္တူနှင့် အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦး၏ မှတ်ပုံတင်(မူရင်း)တို့ ယူဆောင်လာရမည်ဟုဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၈ ခုရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် တစ်လလျှင် ဆန်အိတ် ၁၀,၀၀၀ ဝန်းကျင် ရောင်းချပေးနေရာမှ ယခုလို ပေါ်ဆန်းဆန်များကိုပါ အိတ်လိုက်ရောင်းချပေးရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.7K viewsedited  02:41
Abrir / CĂłmo
2024-06-23 04:30:36
❝ဂျပန်နိုင်ငံ၌ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံပွဲသို့ မြန်မာကျောင်းသားလူငယ် ၄ ဦးတက်ရောက်မည်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

ဂျပန်နိုင်ငံ၌ နှစ်စဉ်ဇူလိုင်လတွင် ကျင်းပလေ့ရှိသည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp - 2024) သို့ မြန်မာနိုင်ငံက Junior Ambassador အဖြစ် ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ BRIDGE Summer Camp - 2024 ကို ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ (Fukuoka) အခြေစိုက်အာရှပစိဖိတ်ဒေသ ကလေးများဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention - APCC) က ဦးစီးကျင်းပခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း (MJA)က ဦးစီး၍ အ.ထ.က (၁) ဒဂုံ၊ ရန်ကုန်မှ ဆဋ္ဌမတန်းကျောင်းသား မောင်လင်းထက်ပိုင်(၁၂ နှစ်)၊ ကမာရွတ်လေ့ကျင့်ရေးကျောင်း TTC ၊ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသား မောင်ဘုန်းဇေဟိန်း (၁၂ နှစ်)၊ အ.ထ.က (၁) ဒဂုံ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသူ မသွန်းသက်ထားအောင် (၁၁ နှစ်)နှင့် အ.ထ.က (၂)၊ မင်္ဂလာဒုံ၊ ရန်ကုန် (အောင်ဆန်းသူရိယလှသောင်းကျောင်း....

Read More... https://telegra.ph/Myanmar-Hard-Talk-06-23-6
3.6K views01:30
Abrir / CĂłmo
2024-06-23 04:09:59
❝စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံများ အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ရန် စက်မှုဝန်ကြီးတိုက်တွန်း❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟑〕
https://t.me/myanmarhardtalk

စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံများသည် နိုင်ငံတော်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများဖြစ်သဖြင့် အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားသည်။

ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း Global Earth Agro & Aqua Industry Public Company Limited က ဆောင်ရွက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်နှင့် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဘွိုင်လာတည်ဆောက်ခြင်း၊ အအေးခန်းစက်ရုံ...

Read More... https://telegra.ph/Myanmar-Hard-Talk-06-23-5
3.6K views01:09
Abrir / CĂłmo
2024-06-23 03:51:20
❝ စက်သုံးဆီတင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှာထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

https://t.me/myanmarhardtalk
#𝙢𝙝𝙩𝙣𝙚𝙬𝙨
3.7K views00:51
Abrir / CĂłmo
2024-06-22 17:21:09
❝𝘾𝘿𝙈 ဝင်တယ်ဆိုတဲ့ ပြင်သစ်နိုင်ငံ၊ မြန်မာသံရုံးမှ သံရုံးစာရေး အမျိုးသမီးဟာ ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို မပြန်လိုတဲ့အတွက် နိုင်ငံရေးအကာအကွယ်ရယူကာ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက ထုတ်ပြန်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕
https://t.me/myanmarhardtalk

𝘾𝘿𝙈 ပြုလုပ်သွားကြောင်း သတင်းထွက်ပေါ်နေသည့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်း သည် သားဖြစ်သူ ပြင်သစ်နိုင်ငံတွင် ဆက်လက်ပညာသင်ကြားနိုင်ရေး နှင့် သမီးဖြစ်သူ ဆေးကုသမှုခံယူနိုင်ရေးစသည့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲများကြောင့် မြန်မာနိုင်ငံသို့ မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခင်ပွန်း၊ သား၊ သမီးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ယင်းသို့လုပ်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက်အဖွဲ့အစည်းများက နိုင်ငံရေးအရအသုံးချကာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။...

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-22-9
4.3K views14:21
Abrir / CĂłmo
2024-06-22 16:52:02
ASEAN U-16 Boys Championship 2024 (Indonesia)
-----------------------------------------------------------
HALF TIME RESULT
Myanmar (1-0) Cambodia
Nyi Nyi Thant -25'
4.3K views13:52
Abrir / CĂłmo