Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 8

2024-06-18 08:09:53
❝အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း၌ ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၇ သန်းကျော် စိုက်ပျိုးပေးသွားမည်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်လာစေရေးအတွက် စိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန် များထိန်းသိမ်းခြင်း၊ တစ်ရွာ နှစ်ဧကစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေး ဝဲ၊ ယာ သစ်ပင်များ စိုက်ပျိုးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ခုနစ်သန်းကျော် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ဇွန်လ ၁၇ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ သင်ကြားရေးဆေးရုံဝင်းအတွင်း၌ ကျင်းပရာသည့် ဇွန် ၁၇ ရက်တွင် ကျရောက်သော “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးက လက်ရှိရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အကောင်းဆုံး...

Read More... https://telegra.ph/Myanmar-Hard-Talk-06-18-7
3.5K views05:09
Abrir / CĂłmo
2024-06-18 07:46:39
❝ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနား (5th Lancang– Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Radio and TV Station ရှိ Studio – 1 ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဝန်ကြီး ယန်းကော်ရိန် (H.E Mr .Yang Guorui)၊ ယူနန်ပြည်နယ်ကော်မတီ CPC အဖွဲ့ဝင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ကျိန်းယန် (H.E Mrs . Zeng Yan )၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး ယန်းယန်း(H.E Mrs. Yang Yang)၊

Read More... https://telegra.ph/Myanmar-Hard-Talk-06-18-6
3.5K views04:46
Abrir / CĂłmo
2024-06-18 06:27:05
❝နစက ဒုတိယဥက္ကဋ္ဌနှင့် အိန္ဒိယ သံအမတ်ကြီးတို့ နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအ မတ်ကြီး H.E.Mr. Abhay Thakur အား ဇွန်လ ၁၇ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုး မြှင့်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Read More... https://telegra.ph/Myanmar-Hard-Talk-06-18-5
3.9K views03:27
Abrir / CĂłmo
2024-06-18 06:18:19
❝ယနေ့ ရွှေအဖွင့်ဈေး ယမန်နေ့ကအတိုင်းတည်ငြိမ်နေ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

ပြည်တွင်းရွှေဈေးကတော့ ဒီကနေ့ (ဇွန်လ ၁၈ ရက်)၊ နံနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်းက ရန်ကုန်- ၄,၅၈၈,၂၁၆ ကျပ်နဲ့ မန္တလေး ၄,၅၇၈,၂၁၆ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၁၇ ရက် ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်း(ရန်ကုန်) ဟာလည်း ၄,၅၈၈,၂၁၆ ကျပ်ဖြစ်တာကြောင့် ဒီကနေ့မှာ ဈေးနှုန်းတည်ငြိမ်နေတာ တွေ့ရပါတယ်။

ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေနဲ့ YGEA ရဲ့ ယခု သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်း၊ အဝယ်ပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.9K viewsedited  03:18
Abrir / CĂłmo
2024-06-18 04:22:20
❝ဝါများကို ပြည်ပသို့ ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် အဆင့်မီချည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြောကြား❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-18-4
4.6K views01:22
Abrir / CĂłmo
2024-06-17 11:02:10 ❝KIA+PDF ဖမ်းဆီးသွားသည့် ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ တစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်ပြတ်နေ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်၌ KIA+PDF ပူးပေါင်းအဖွဲ့တစ်ခုက ဖမ်းဆီးသွားသည့် ဗန်းမောက်မြို့နယ် သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ကိုဆန်းဦးမှာ တစ်ပတ်ကျော်ကြာလာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဗန်းမောက်မြို့နယ် လေးသီကျေးရွာတွင် နေထိုင်သည့် အဆိုပါ မြို့နယ်သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးဆန်းဦးကို ဗန်းမောက်မြို့နယ်အတွင်း လှုပ်ရှားနေသည့် (KIA+PDF)တစ်ခုက လေးသီဘုန်းတော်ကြီးကျောင်းအတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်နေချိန် ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ ဦးဆန်းဦး အဖမ်းခံထားရမှုနှင့်ပတ်သက်၍ မြို့နယ်သျှမ်းနီစာပေယဥ်ကျေးမှုကော်မတီအနေဖြင့် ပါဝင်ကူညီဖြေရှင်းပေးခြင်းမျိုး မရှိသေးဘူးဟုလည်း ဒေသခံများက ပြောဆိုထားကြပြီး ပြန်လည်လွတ််မြောက်ရေးအတွက် လုပ်ဆောင်မှုတချို့ရှိနေသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်းလည်း ပြောဆိုထားကြသည်။

ဗန်းမောက်မြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရှမ်းနီစာပေတာဝန်ခံ၊ ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက် ဒု-ဥက္ကဋ္ဌ စိုင်းဆေလိုင်း(ခ)ကျန်အောင်နှင့် ရှမ်းနီပါတီ မြို့နယ်အတွင်းရေးမှူး၏ ဇနီးနှင့် ကလေးတို့လည်း ဖမ်ဆီးခံရမှုများ ဖြစ်ပွားခဲ့သလို ၂၀၂၂ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂအသင်း၏ ဘဏ္ဍာတော်ထိန်း ဦးဂန္ဓမာ(ရှမ်းနီ ဦးဇင်း) တစ်ပါးမှာ ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာအနီး၌ KIA+PDF များ၏ လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့များ၏ ထုတ်ပြန်ထားမှုအရ သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.5K viewsedited  08:02
Abrir / CĂłmo
2024-06-17 08:04:04
❝အမြန်လမ်းမှာ အရှိန်မထိန်းနိုင်တဲ့ယာဥ်တစ်စီး တိမ်းမှောက်ခဲ့ရာမှ လူ (၁၆)ဦး ထိခိုက်ဒဏ်ရာရ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၇/ဝ-၁) နေရာမှာ မန္တလးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ HYUNDAI POR TER ll ယာဉ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာကနေ လူ (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။


အဲဒီဖြစ်စဥ်က ဇွန်လ (၁၆)ရက်၊ ညနေ (၆) နာရီ (၁၅)မိနစ်အချိန်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ၎င်းကားပေါ်မှာ ယာဉ်မောင်းပါ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂၁)ဦးနဲ့ ကလေး (၄)ဦး၊ စုစုပေါင်း(၂၈)ဦးတို့ လိုက်ပါလာခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲက အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁၂)ဦးနဲ့ ကလေး (၁) ဦး၊ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မထ္တီလာပြည်သူဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.7K views05:04
Abrir / CĂłmo
2024-06-17 07:25:27
❝မင်္ဂလာဒုံမြို့နယ်၌ သဲတင်ကားနှင့် ထော်လာဂျီပေါ်သို့ မီးကြိုးပြတ်ကျကာ မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦးသေဆုံး❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပတ္တမြားလမ်း၌ ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက် ၈ နာရီ မီးနစ် ၂၀ အချိန်ခန့်က ရပ်ထားသော သဲတင်ကားနှင့် ထော်လာဂျီတို့ပေါ်သို့ လျှပ်စစ်မီးကြိုးပြတ်ကျကာ မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦးသေဆုံးခဲ့သည်ဟု အနီးနေသူများထံမှ သိရသည်။

❝သဲတင်ကားနဲ့ ထော်လာဂျီက ပတ္တမြားလမ်းအဆုံးနေရာမှာ ရပ်ထားတာ။ အဲဒီပေါ်ကို မီးကြိုးပြတ်ကျပြီး မီးထလောင်တာပါ။ ဖြစ်ချင်တော့ အဲဒီကားတွေအနီးမှာရှိနေတဲ့ အမျိုးသား ၂ ယောက်နဲ့ (၃) နှစ်အရွယ်ကလေးငယ် ၁ ယောက် မီးလောင်သေဆုံးသွားခဲ့တယ်။❞ ဟု ဖြစ်စဥ်အနီးမှာရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၃ အချိန်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရပြီး ရုပ်အလောင်းများကို မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
4.0K views04:25
Abrir / CĂłmo
2024-06-17 06:45:25
❝တရုတ်နိုင်ငံ၌ကျင်းပမည့် လန်ချန်း - မဲခေါင် ရုပ်သံသီတင်းပတ် အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး တက်ရောက်မည်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့တွင် ကျင်းပမည့် (၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ်အခမ်းအနား (5th Lancang– Mekong Audiovisual Week) သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ယနေ့ ဇွန်လ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ တက်ရောက်ရန်အတွက် ပြန်ကြားရေးဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၆ ရက် ညနေပိုင်းက တရုတ်နိုင်ငံကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

 ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝင်းကျော်အောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်ဟုဆိုသည်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-17-5
3.9K views03:45
Abrir / CĂłmo
2024-06-17 05:28:46
❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်တက်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယနေ့ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၇၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ ၅၃၆၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်တွင် ၅ ကျပ် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.6K viewsedited  02:28
Abrir / CĂłmo