Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 9

2024-06-17 05:18:16
❝ယနေ့ ရွှေအဖွင့်ဈေး ကျပ် လေးသောင်းကျော် ကျဆင်းပြီး ဒေါ်လာဈေးလည်း အနည်းငယ်ကျဆင်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟕〕
https://t.me/myanmarhardtalk

ယနေ့ ဇွန်လ (၁၇) ရက်မှာ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ၃၇၁၃ ကျပ်ဖြစ်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိပေးထုတ်ပြန်ထားပြီး အဲဒီဈေးနှုန်းဟာ ဇွန်လ (၁၄) ရက်ကဈေးအောက်ကို ၃၃ ကျပ် ကျဆင်းသွားပါတယ်။

ပြည်တွင်းရွှေဈေးကတော့ ဒီကနေ့ (ဇွန်လ ၁၇ ရက်)၊ နံနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်းက ရန်ကုန်- ၄,၅၈၈,၂၁၆ ကျပ်နဲ့ မန္တလေး ၄,၅၇၈,၂၁၆ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် ညနေပိုင်းက အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်း(ရန်ကုန်) ဟာ ၄,၆၂၉,၅၅၁ ကျပ်ဖြစ်တာကြောင့် ဒီကနေ့မှာ ၄၁၃၃၅ ကျပ် ကျဆင်းလာတာတွေ့ရပါတယ်။

ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေနဲ့ YGEA ရဲ့ ယခု သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်း၊ အဝယ်ပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.7K viewsedited  02:18
Abrir / CĂłmo
2024-06-17 04:02:11
❝ စက်သုံးဆီတင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှာထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

https://t.me/myanmarhardtalk
#𝙢𝙝𝙩𝙣𝙚𝙬𝙨
4.2K views01:02
Abrir / CĂłmo
2024-06-16 17:47:58
❝သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမား ၄ ဦးကို လက်နက်/ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ❞

≋စုစုပေါင်းဖမ်းမိသူ ၁၃ ဦးအထိရှိလာ≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟔〕
https://t.me/myanmarhardtalk

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမား (၉) ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဇွန်လ ၈ ရက်က ဖမ်းမိခဲ့ပြီးနောက် နောက်ထပ်တရားခံ (၄) ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဇွန်လ ၁၄ ရက်က ထပ်မံဖမ်းမိခဲ့သည်ဟု နိုက်ငံပိုင်သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ဇွန်လ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် တရားခံ ချိုကြီး (ခ)ဟိန်းထက်အောင် ၏ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့်-

မျိုးသိန်းထွန်း(၃၄)နှစ်အား FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ ပျိုးခြံလိုင်း၊...

Read More... https://telegra.ph/Myanmar-Hard-Talk-06-16-15
3.9K views14:47
Abrir / CĂłmo
2024-06-16 14:58:53
❝ရန်ကုန်နှင့် မန္တလေးရှိ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီများ၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် စတင်ဖွင့်လှစ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟔〕
https://t.me/myanmarhardtalk

အခြေခံ ဘောလုံးပညာနှင့် ကျောင်းပညာရေးများကို အခမဲ့ သင်ကြားပေးလျက်ရှိသည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)တို့၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကျောင်းသား မိဘများ၊ အကယ်ဒမီ ကျောင်းသားများနှင့်အတူ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦးနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ‌ဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန နှင့် အားကာ/သိပ္ပံ(ရန်ကုန်)တို့မှ တာဝန်ရှိသူများ၊ အမျိုးသား ဘောလုံးအကယ်ဒမီ နည်းပြအုပ်ချုပ်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-16-14
5.2K views11:58
Abrir / CĂłmo
2024-06-16 09:01:03
ရန်ကုန်တိုင်းအတွင်းရှိခရိုင်များကိုအောက်ပါအတိုင်းပြောင်းလဲသတ်မှတ်လိုက်သည်ဟုသိရပါသည်။
========================

ကျောက်တံတား မြို့နယ်
ပန်းဘဲတန်း မြို့နယ်
လသာ မြို့နယ်
လမ်းမတော် မြို့နယ်
ဒဂုံ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ကျောက်တံတား ခရိုင်ဟုပြောင်းလဲ

အလုံ မြို့နယ်
ကြည့်မြင်တိုင် မြို့နယ်
စမ်းချောင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အလုံ ခရိုင် ဟုပြောင်းလဲ

မရမ်းကုန်း မြို့နယ်
လှိုင် မြို့နယ်
မြောက်ဥက္ကလာ မြို့နယ်
၃ မြို့နယ် ပေါင်း၍
မရမ်းကုန်း ခရိုင် ဟုပြောင်းလဲ

ကမာရွတ် မြို့နယ်
ဗဟန်း မြို့နယ်
၂ မြို့နယ် ပေါင်း၍
ကမာရွတ် ခရိုင် ဟုပြောင်းခဲ

သင်္ဃန်းကျွန်း မြို့နယ်
တောင်ဥက္ကလာပ မြို့နယ်
ရန်ကင်း မြို့နယ်
တာမွေ မြို့နယ်
၄ မြို့နယ် ပေါင်း၍
သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းလဲ

ဗိုလ်တစ်ထောင် မြို့နယ်
ဒေါပုံ မြို့နယ်
မင်္ဂလာတောင်ညွန့် မြို့နယ်
ပုဇွန်တောင် မြို့နယ်
သာကေတ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ဗိုလ်တစ်ထောင် ခရိုင် ဟုပြောင်းလဲ

ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်
ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်
၄ မြို့နယ် ပေါင်း၍
ဒဂုံမြို့သစ် ခရိုင် ဟုပြောင်းလဲ

သန်လျင် မြို့နယ်
ကျောက်တန်း မြို့နယ်
သုံးခွ မြို့နယ်
ခရမ်း မြို့နယ်
ကိုကိုးကျွန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
သန်လျင် ခရိုင် ဟုပြောင်းလဲ

တွံတေး မြို့နယ်
ဆိပ်ကြီးခနောင်တို မြို့နယ်
ဒလ မြို့နယ်
ကော့မှူး မြို့နယ်
ကွမ်းခြံကုန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
တွံတေး ခရိုင် ဟုပြောင်းလဲ

အင်းစိန် မြို့နယ်
လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်
လှိုင်သာယာ အနောက်ပိုင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အင်းစိန် ခရိုင် ဟုပြောင်းလဲ

မင်္ဂလာဒုံ မြို့နယ်
ရွှေပြည်သာ မြို့နယ်
၂ မြို့နယ် ပေါင်း၍
မင်္ဂလာဒုံ ခရိုင် ဟုပြောင်းလဲ

မှော်ဘီ မြို့နယ်
ထန်းတပင် မြို့နယ်
၂ မြို့နယ် ပေါင်း၍
မှော်ဘီ ခရိုင် ဟုပြောင်းလဲ

လှည်းကူး မြို့နယ် အား
လှည်းကူး ခရိုင် ဟုပြောင်းလဲ

တိုက်ကြီး မြို့နယ် အား
တိုက်ကြီး ခရိုင် ဟုပြောင်းလဲ သတ်မှတ်လိုက်သည်ဟုသိရပါသည်။
#mhtnews
5.3K views06:01
Abrir / CĂłmo
2024-06-16 06:43:37
❝ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း က PNLO/ PDF အကြမ်းဖက်အုပ်စုကို မောင်းထုတ်ပြီးဖြစ်လို့ လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဟုဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟔〕
https://t.me/myanmarhardtalk

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်းရှိ PNLO/ PDF အကြမ်းဖက်အုပ်စုများကို တပ်မတော်က တိုက်ပွဲပေါင်း အကြိမ် (၈၀) ကျော် ဆင်နွှဲကာ မောင်းထုတ်ပြီးဖြစ်သဖြင့် ယခုအခါ လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ PNLO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့်အနီး ပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့်....

Read More... https://telegra.ph/Myanmar-Hard-Talk-06-16-13
5.5K views03:43
Abrir / CĂłmo
2024-06-15 16:52:59
❝ထိုင်းအစိုးရ၏ စီမံချက်အရဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော် အဖမ်းခံရ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟓〕
https://t.me/myanmarhardtalk

ထိုင်းနိုင်ငံအစိုးရ၏ တရားမဝင်အလုပ်သမားပပျောက်ရေးစီမံချက်အရ နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ထိုအထဲတွင် မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော်ပါဝင်နေကြောင်း ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အတွင်း စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာတို့ကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၁၁၁ ဦးအပါအဝင် နိုင်ငံခြားသား အလုပ်သမား ၂၆၁၈၉ ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားသားများသည် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်ခြင်း အထောက်အထားမရှိခြင်းနှင့် အထောက်အထားမပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရပြီး ထိုအထဲမှ မြန်မာနိုင်ငံသား ၁၉၀ ဦး၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၈ ဦးနှင့် အခြားနိုင်ငံသား ၄ ဦးတို့မှာ တရားစွဲဆိုခံထားရသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.6K viewsedited  13:52
Abrir / CĂłmo
2024-06-15 13:27:40
❝မူးယစ်ဆေးစွဲ လူငယ်များ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပမည်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟓〕
https://t.me/myanmarhardtalk

မူးယစ်ဆေးစွဲ လူငယ်များအား ပြန်လည်ထူထောင်ပေးရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်ူဒေသကြီး၊ မင်္ဂလာ​တောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးဘေး၊ အောင်ဆန်းကွင်း မျက်နှာချင်းဆိုင်၊ ကွမ်းခြံလမ်း၊ အမှတ် ၁၊ ယခင်ရိုးမဘဏ်(ရုံးချုပ်)၌ ဇွန်လ ၂၀ ရက်၊ ည​နေ ၆ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်​ကြောင်း သိရသည်။

ယင်း တေးဂီတဖျော်ဖြေပွဲတွင် ​တေးသံရှင် နောနော်၊ 𝐁𝐥𝐚𝐳𝐞 𝐁𝐚𝐧𝐝 ၊ ထူးအယ်လင်း၊ သာဒီးလူ၊ စိန်လင်း၊ ညလင်းထယ်၊ ရေဗက္ကာဝင်း၊ အိုင်ရင်းဇင်မာမြင့်တို့နှင့်အတူ ဧည့်တေးသံရှင်များက အားဖြည့်သီဆိုသွားမည်ဖြစ်​သည်။

အဆိုပါ ရန်ပုံ​ငွေ ​တေးဂီတ ​ဖျော်​ဖြေပွဲမှ ရရှိသည့် လက်မှတ်ရောင်းရငွေအားလုံးကို ပွဲစီစဥ်သူများမှတစ်ဆင့် ပြန်လည် လှူဒါန်း​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
6.3K viewsedited  10:27
Abrir / CĂłmo
2024-06-15 12:49:06
❝KIA/ PDF ပူးပေါင်းအဖွဲ့တွေကို ချေမှုန်းဖို့ "စစ်မိန့်" ပေးပြီးနောက် ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြဖို့ ဦးဇခုန်တိန့်ယိန်း ထပ်မံထုတ်ပြန်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟓〕
https://t.me/myanmarhardtalk

မိမိတို့ဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးဖို့ ဝင်ရောက် တိုက်ခိုက်လာတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို ယတိပြတ်ခုခံချေမှုန်းဖို့ "စစ်မိန့်" ပေးအပ်လိုက်ကြောင်း ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်က ဇွန်လ (၇) ရက်က ထုတ်ပြန်ခဲ့ပြီးနောက်မှာ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြဖို့ဆိုပြီး ဇွန်လ (၁၄) ရက်နေ့မှာ ထပ်မံထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်။

❝ငြိမ်းချမ်းရေးကိုဖျက်ဆီးရန်၊ နိုင်ငံတော်ကိုဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူ များ၏ဘဝ သာယာအေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ကျွန်တော်တို့ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည်ဒေသတွင် တာဝန်ထမ်းဆောင် နေသည့် နခစ၊ ပသစ များသည် မြေတစ်လက်မတိုင်းကို...

သတင်းအပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-06-15-5
5.9K viewsedited  09:49
Abrir / CĂłmo
2024-06-15 08:43:38
❝VPN သုံးရင် ထောင်ချမှာတဲ့ ဆိုပြီး ဝါဒဖြန့်သူတစ်ဦး VPN ကြောင့်မဟုတ်ဘဲ ဝါဒဖြန့်ရေးတဲ့စာကြောင့် အဖမ်းခံရဟုဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟓〕
https://t.me/myanmarhardtalk

❛ဖုန်းထဲမှာ VPN ပါရင်လမ်းမှာ စကစအဖွဲ့စစ်တာနဲ့ ငွေငါးသောင်း၊ တစ်သိန်းခွဲ၊ သုံးသိန်း ပေးရတယ်❜ ဆိုပြီး လူမှုကွန် ရက်ပေါ်ကနေ ဝါဒဖြန့်ရေးသားနေတဲ့ အမျိုးသားတစ်ဦးဟာ VPN ကြောင့်မဟုတ်ဘဲ သူရေးလိုက်တဲ့ ဝါဒဖြန့်စာကြောင့် အဖမ်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဖမ်းခံရသူက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဒေသခံ Sai Kalaw TikTok အကောင့်ပိုင်ရှင် ဖြစ်တယ်လို့ သိရပြီး သူ့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

တောင်ကြီးမြို့မှာ လက်ရှိအထိ VPN နဲ့ပတ်သက်လို့ စစ်ဆေးဖမ်းဆီးတာ မရှိကြောင်းနဲ့ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိ ပညာပေးလုပ်ငန်းတွေသာ နေ့စဥ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောဆိုကြောင်း ဒေသတွင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

VPN နဲ့ပတ်သက်လို့ လူထုအကြားမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပေမယ့် VPN အသုံးပြုရင် အရေးယူမယ်၊ မယူဘူးဆိုတာကိုတော့ အာဏာပိုင်အဖွဲ့အစည်းတွေက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
7.2K views05:43
Abrir / CĂłmo