Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 10

2024-06-15 12:49:06
❝KIA/ PDF ပူးပေါင်းအဖွဲ့တွေကို ချေမှုန်းဖို့ "စစ်မိန့်" ပေးပြီးနောက် ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြဖို့ ဦးဇခုန်တိန့်ယိန်း ထပ်မံထုတ်ပြန်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟓〕
https://t.me/myanmarhardtalk

မိမိတို့ဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးဖို့ ဝင်ရောက် တိုက်ခိုက်လာတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို ယတိပြတ်ခုခံချေမှုန်းဖို့ "စစ်မိန့်" ပေးအပ်လိုက်ကြောင်း ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်က ဇွန်လ (၇) ရက်က ထုတ်ပြန်ခဲ့ပြီးနောက်မှာ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြဖို့ဆိုပြီး ဇွန်လ (၁၄) ရက်နေ့မှာ ထပ်မံထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်။

❝ငြိမ်းချမ်းရေးကိုဖျက်ဆီးရန်၊ နိုင်ငံတော်ကိုဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူ များ၏ဘဝ သာယာအေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF ကျူးကျော်လာပြီဖြစ်သဖြင့် ကျွန်တော်တို့ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည်ဒေသတွင် တာဝန်ထမ်းဆောင် နေသည့် နခစ၊ ပသစ များသည် မြေတစ်လက်မတိုင်းကို...

သတင်းအပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-06-15-5
5.9K viewsedited  09:49
Abrir / CĂłmo
2024-06-15 08:43:38
❝VPN သုံးရင် ထောင်ချမှာတဲ့ ဆိုပြီး ဝါဒဖြန့်သူတစ်ဦး VPN ကြောင့်မဟုတ်ဘဲ ဝါဒဖြန့်ရေးတဲ့စာကြောင့် အဖမ်းခံရဟုဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟓〕
https://t.me/myanmarhardtalk

❛ဖုန်းထဲမှာ VPN ပါရင်လမ်းမှာ စကစအဖွဲ့စစ်တာနဲ့ ငွေငါးသောင်း၊ တစ်သိန်းခွဲ၊ သုံးသိန်း ပေးရတယ်❜ ဆိုပြီး လူမှုကွန် ရက်ပေါ်ကနေ ဝါဒဖြန့်ရေးသားနေတဲ့ အမျိုးသားတစ်ဦးဟာ VPN ကြောင့်မဟုတ်ဘဲ သူရေးလိုက်တဲ့ ဝါဒဖြန့်စာကြောင့် အဖမ်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဖမ်းခံရသူက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဒေသခံ Sai Kalaw TikTok အကောင့်ပိုင်ရှင် ဖြစ်တယ်လို့ သိရပြီး သူ့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

တောင်ကြီးမြို့မှာ လက်ရှိအထိ VPN နဲ့ပတ်သက်လို့ စစ်ဆေးဖမ်းဆီးတာ မရှိကြောင်းနဲ့ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိ ပညာပေးလုပ်ငန်းတွေသာ နေ့စဥ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောဆိုကြောင်း ဒေသတွင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

VPN နဲ့ပတ်သက်လို့ လူထုအကြားမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပေမယ့် VPN အသုံးပြုရင် အရေးယူမယ်၊ မယူဘူးဆိုတာကိုတော့ အာဏာပိုင်အဖွဲ့အစည်းတွေက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
7.2K views05:43
Abrir / CĂłmo
2024-06-14 15:56:10 MHTNewsရဲ့( 14-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
- ချင်းဒုက္ခသည်စာသင်ကျောင်းအမည်ခံလူကုန်ကူးဂိုဏ်းကိုမလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး၊
- မြန်မာ့အရေးကို အာဆီယံဥက္ကဌ(၃)နိူင်ငံကဇူလိုင်လတွင်ဆွေးနွေးမည်၊
- ရုရှားငွေတွေကိုသိမ်းပိုက်ပြီးယူကရိန်းကိုကူညီမည်၊
- ပူတင်ရဲ့မြောက်ကိုရီးယားခရီးစဉ်
- နှစ်ဆမြင့်တက်လာတဲ့ ဟင်းသီးဟင်းရွက်စျေးနူန်ကိုဘယ်လိုအန်တုမလဲ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.3K views12:56
Abrir / CĂłmo
2024-06-14 15:55:23
MHTNewsရဲ့( 14-06-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
- ချင်းဒုက္ခသည်စာသင်ကျောင်းအမည်ခံလူကုန်ကူးဂိုဏ်းကိုမလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး၊
- မြန်မာ့အရေးကို အာဆီယံဥက္ကဌ(၃)နိူင်ငံကဇူလိုင်လတွင်ဆွေးနွေးမည်၊
- ရုရှားငွေတွေကိုသိမ်းပိုက်ပြီးယူကရိန်းကိုကူညီမည်၊
- ပူတင်ရဲ့မြောက်ကိုရီးယားခရီးစဉ်
- နှစ်ဆမြင့်တက်လာတဲ့ ဟင်းသီးဟင်းရွက်စျေးနူန်ကိုဘယ်လိုအန်တုမလဲ၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews
5.5K views12:55
Abrir / CĂłmo
2024-06-14 11:04:52
❝ဓါးကိုင်ပြီး ဖုန်းဆိုင်အတွင်း ဝင်ရောက်လုယက်သူများကို ဖမ်းဆီးရမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟒〕
https://t.me/myanmarhardtalk

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၆၉ လမ်း နဲ့ ၃၈ လမ်းထောင့်မှာရှိတဲ့ Paradise ဖုန်းရောင်းဝယ်ရေးဆိုင်အတွင်း ဓါးရှည်ကိုင်ကာ ဝင်ရောက်လုယက်ခဲ့သူတွေကို ဖမ်းဆီးရမိပြီလို့ အဲဒီဖုန်းဆိုင်ကနေ သိရပါတယ်။

အဆိုပါ လုယက်မှုဖြစ်စဥ်ဟာ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖုန်းဆိုင်မှာ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းနှစ်ယောက်တို့ ရှိနေစဉ် Mask တပ်ထားတဲ့ လူငယ် နှစ်ယောက် ဓားရှည်တွေ ကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြောဆိုကာ မှန်ကောင်တာထဲ iPhone တွေအပါ အဝင် တန်ဖိုးကြီး ဖုန်းတွေကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့တာပါ။

ယင်းဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ ဇွန်လ ၁၃ ရက်နေ့မှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့ပြီး လက်ရှိမှာတော့ ဆက်လက်စစ်ဆေးဖော်ထုတ်နေပြီး သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.1K views08:04
Abrir / CĂłmo
2024-06-14 09:33:26
❝စက်မှုကျွမ်းကျင်လုပ်သားများမွေးထုတ်ရေးနှင့် ဆေးဝါးထုတ်လုပ်ရေးအတွက် စက်မှုဝန်ကြီးနှင့် သီရိလင်္ကာသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ဟုဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟒〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအတွက် လိုအပ်သောစက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးနှင့် ဆေးဝါးထုတ်လုပ်ရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnam-peruma တို့ ဇွန် ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

အလားတူ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်အဝတ်အထည်ထုတ်လုပ်ရေး စသည့်ကိစ္စရပ်များကိုလည်း ရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.1K viewsedited  06:33
Abrir / CĂłmo
2024-06-14 08:45:28 ❝ယူအေအီးနိုင်ငံတွင် မြန်မာအလုပ်သမားများ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ယင်းနိုင်ငံ၏ ဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးဆွေးနွေး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟒〕
https://t.me/myanmarhardtalk

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး နိုင်ငံ) တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်လျက်ရှိရာ အဆိုပါ မြန်မာအလုပ်သမားများ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ယူအေအီးနိုင်ငံ၏ ဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljha-leel Mohamed Al Faheem တို့ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အလားတူ မြန်မာအလုပ်သမားများ၏ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး၊ အလုပ်သမားနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပအလုပ်သမားဈေးကွက်တိုးချဲ့နိုင်ရေး၊ အလုပ်သမားဝန်ကြီးဌာနမှ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ ဂျော်ဒန် အစရှိသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ စေလွှတ်ခွင့်ပြုပေးနေမှုတို့နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသည့် နိုင်ငံများသို့စေလွှတ်နေမှုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း မရှိသည့်နိုင်ငံများသို့ အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်သည့် လုပ်ငန်းစဉ်ဖြင့် စေလွှတ်ခွင့်ပြုပေးနေမှု အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.1K viewsedited  05:45
Abrir / CĂłmo
2024-06-14 07:00:39
❝Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟒〕
https://t.me/myanmarhardtalk

Myanmar CDC နဲ့ China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Myanmar CDC မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ MoU အရ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ ဘာတွေအထောက်အကူပြုလာနိုင်မလဲဆိုတာ ဒီသတင်းမှာ
https://telegra.ph/Myanmar-Hard-Talk-06-14-6 ဖတ်ရှု့လေ့လာနိုင်ပါတယ်။
5.1K views04:00
Abrir / CĂłmo
2024-06-14 06:41:08
❝မြန်မာ- တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတအဖြစ် တရုတ်အစိုးရက ကူညီတည်ဆောက်ပေးသည် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနားပြုလုပ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟒〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and Medical Training Center) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၃ ရက်၊ နံနက် (၉)နာရီတွင် နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ်ရှိ အဆိုပါဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက်ဦ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး...

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-06-14-4
5.1K views03:41
Abrir / CĂłmo
2024-06-14 06:24:36
❝တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းနဲ့ အမျိုးသမီးဗိုလ်လောင်းများအတွက် လျှောက်လွှာများခေါ်ယူနေပြီ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟏𝟒〕
https://t.me/myanmarhardtalk

တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းနဲ့ အမျိုးသမီးဗိုလ်လောင်းများအတွက် လျှောက်လွှာတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက ခေါ်ယူနေပြီလို့ သိရပါတယ်။

အဲဒီအခွင့်အရေးကို ရရှိနိုင်သူတွေက ဘယ်လိုအရည်အချင်း သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရမယ်ဆိုတာအပါအဝင် အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ https://telegra.ph/Myanmar-Hard-Talk-06-14-3 ဖတ်ကြည့်နိုင်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.1K views03:24
Abrir / CĂłmo