Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 3

2024-06-24 11:23:56 ❝ဖုန်းနဲ့ ဆိုင်ကယ်လိုချင်လို့ PDF အချင်းချင်းသတ်ဖြတ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ PDF အချင်းချင်းသတ်ဖြတ်ပြီး ဖုန်းနဲ့ ဆိုင်ကယ်အပါအဝင် အသုံးအဆောင်ပစ္စည်းတွေလူယူတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်သမားတွေအသုံးပြုနေတဲ့ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာ (Facebook Page) တစ်ခုက ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံရတဲ့ အကြမ်းဖက်သမားက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ စိုင်းနောင် ဆိုသူဖြစ်တယ်လို့သိရပြီး သူ့ကို ဒီးမော့ဆို တပ်ရင်း ၄ က အကြမ်းဖက်သမား လာစရု ဆိုသူက ဦးဆောင်ပြီး ဂျိုးဇက် နဲ့ မောင်ငယ်ဆိုသူတို့က ဒီးမော့ဆိုမြို့နယ် တစ်နေရာမှာ သတ်ဖြတ်ခဲ့ပြီးနောက် ဖုန်းနဲ့ ဆိုင်ကယ်အပါအဝင် အသုံးအဆောင်ပစ္စည်းတွေလူယူသွားခဲ့တာလို့ ရေတာရှည်အကြမ်းဖက်ပေ့ချ်တစ်ခုက ဒီကနေ့ ဇွန်လ ၂၄ ရက်မှာ ဖော်ပြခဲ့တာပါ။

သတ်ဖြတ်ခံရတဲ့အထဲမှာ ရေတာရှည်က အကြမ်းဖက်သမား စိုင်းနောင် ဆိုသူနဲ့အတူ အကြမ်းဖက် တပ်ရင်း ၃၅၀၁ ရဲ့ ဒုတပ်ရင်းမှူး စောဂျက် ဆိုသူလည်း ပါဝင်ခဲ့ပေမယ့် သူကတော့ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အဲဒီ ရေတာရှည်အကြမ်းဖက်ပေ့ချ်တစ်ခုရဲ့ ဖော်ပြထားမှုအရ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.7K viewsedited  08:23
Abrir / CĂłmo
2024-06-24 11:23:35
❝ဖုန်းနဲ့ ဆိုင်ကယ်လိုချင်လို့ PDF အချင်းချင်းသတ်ဖြတ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

သတင်းအပြည့်အစုံ

3.6K viewsedited  08:23
Abrir / CĂłmo
2024-06-24 10:37:22 ❝နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၀င်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၌ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေရာမှ ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု CCDAC MYANMAR မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့က လားရှိုးမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ စိုင်းထွန်းလှ(ခ)ထွန်းလှ မောင်းနှင်ပြီး စောမိုးကျော်သူ လိုက်ပါလာသည့် SOUEAST အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန်လ ၂၂ ရက်နေ့တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ စိုင်းမိုးမြင့်သူ အား ကျိုက်မရောမြို့နယ်၊ ဇာသပြင်တံတားအနီးတွင် SOUEAST အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ မြန်မာငွေကျပ် ၅.၄ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် တရားခံများဖြစ်သော စိုင်းထွန်းလှ(ခ)ထွန်းလှ (၃၄)နှစ်၊ စောမိုးကျော်သူ(၅၁)နှစ် နှင့် စိုင်းမိုးမြင့်သူ(၄၃)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.7K viewsedited  07:37
Abrir / CĂłmo
2024-06-24 09:30:52
❝ရပ်ထားသည့် တွဲကားကို ဘေးတွဲဆိုင်ကယ်မှ ဝင်တိုက်မိပြီး လူသေဆုံးမှုဖြစ်ပေါ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

လမ်းဘေး၌ရပ်ထားသည့် တွဲကားကို ဘေးတွဲဆိုင်ကယ်တစ်စီးမှ တိုက်မိပြီး အဆိုပါ ဘေးတွဲဆိုင်ကယ်အောင်းသူ သေဆုံးသွားသည့်ဖြစ်စဥ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ တာဂွကျေးရွာ၌ ဇွန်လ ၂၃ ရက် ည ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

❝တွဲကားက ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေတင်ထားတဲ့ကားဗျ။ တာဂွကျေးရွာ၊ အင်းယက်ကြီးဆီဆိုင်ရှေ့မှာ ညအိပ်နားဖို့ ရပ်ထားတာကို ဘေးတွဲက နောက်ကနေ ဝင်တိုက်မိတာ။ ကားပေါ်က ပစ္စည်းတွေနဲ့ မျက်စိကိုထိုးဖောက်မိပြီး ဘေးတွဲသမား နေရာမှာပဲ ဆုံးသွားတာပါ။❞ ဟု ဒေသခံတစ်ဦးက ပြောပြသည်။

သေဆုံးသွားသည့် အမျိုးသားမှာ မှော်ဘီမြို့၊ ရွှေမြယာကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ၎င်း၏ရုပ်အလောင်းကို ခိုကိုးရာမဲ့အဖိုးအဘွားများစောင့်ရှောက်ရေးနှင့် လူမှုကယ်ဆယ်ရေးအသင်းက တိုက်ကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.8K views06:30
Abrir / CĂłmo
2024-06-24 08:42:43
❝ဆီတန်ချိန် ၅၃၀၀ တင်သွင်းလာသည့် စားအုန်းဆီတင်သင်္ဘော ရန်ကုန်မြို့သို့ ရောက်ရှိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ ရှိ စားအုန်းဆီတင်သင်္ဘောကြီးသည် ဇွန် ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့သည်ဟု သိရသည်။

ရောက်ရှိလာသော စားသုံးဆီများကို ဆီသိုလှောင်ကန်များအတွင်း ဖြည့်တင်းဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော် ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

၎င်းဆီသိုလှောင်ကန်များမှစားသုံးဆီများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသောစျေးနှုန်းများဖြင့် ပြည်သူများ၏ လက်ဝယ်သို့ အမြန်ဆုံးဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်နေသည်ဟုဆိုသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-06-24-7
3.5K views05:42
Abrir / CĂłmo
2024-06-24 06:58:52
❝ဇွန်လ(၂၄)ရက်နေ့အတွက် ရွှေစျေးနှင့် ဒေါ်လာစျေးအဖွင့်"

𝙈𝙃𝙏 𝙉𝙀𝙒𝙎 (June ~ 24)
https://t.me/myanmarhardtalk

ဒီကနေ့ (ဇွန်လ ၂၄)ရက် နံနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်းရန်ကုန်- (၄၅၈၆၀၆၈)ကျပ် ၊ မန္တလေး (၄၅၇၆၀၆၈)ကျပ်ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်တစ်ဒေါ်လာကို(၃၆၄၅)ကျပ်ပေါက်တယ်လို့သိရပြီး ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးအနေနဲ့ YGEA ရဲ့ ယခု သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်း၊ အဝယ်ပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
3.4K views03:58
Abrir / CĂłmo
2024-06-24 04:46:15
❝အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီး ပြန်လည်ရောက်ရှိ❞

≋Green Innovation and Digital Connectivity ဖော်ဆောင်နိုင်မည့်အခြေအနေများ ဆွေးနွေးခဲ့≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

တရုတ်နိုင်ငံ၊ မကာအို၌ ဇွန်လ ၂၀ ရက်က ကျင်းပသော (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) သို့ တက်ရောက်ခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖိုရမ်ကို တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့အစည်းတို့မှ Green Innovation and Digital Connectivity (စိမ်းလန်းသော တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု) ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-06-24-6
3.7K views01:46
Abrir / CĂłmo
2024-06-24 04:07:36
❝မောင်တောမြို့ပေါ်က အိမ်ထောင်စု ၂၀၀၀ ကျော်အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆန် ၁ အိတ်စီ ထောက်ပံ့ပေး❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်အား စားရေးအထောက်အကူဖြစ်စေရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စု ၁ စုလျှင် ဆန် ၁ အိတ်နှုန်း ထောက်ပံ့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုကို ဇွန် ၂၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့၊ ရပ်ကွက် (၁) ရှိ အိမ်ထောင်စု ၁၉၀ စု၊ ရပ်ကွက် (၂) ရှိ အိမ်ထောင်စု ၆၁၃ စု၊ ရပ်ကွက် (၃) ရှိ အိမ်ထောင်စု ၁၀၄ စု၊ ရပ်ကွက် (၄) ရှိ အိမ်ထောင်စု ၁၈၇ စု၊ ကညင်တန်းရပ်ကွက်ရှိ အိမ်ထောင်စု ၆၀၆ စုနှင့် မောင်နီရပ်ကွက်ရှိ အိမ်ထောင်စု ၃၁၉ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၀၁၉ စုတို့အတွက် ဆန်အိမ်ပေါင်း ၂၀၁၉ အိတ်တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
4.2K viewsedited  01:07
Abrir / CĂłmo
2024-06-24 03:20:13
❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ထပ်တက်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟒〕
https://t.me/myanmarhardtalk

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယနေ့ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ ၅၃၇၀ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်တွင် ၃၀ ကျပ် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
4.0K viewsedited  00:20
Abrir / CĂłmo
2024-06-24 03:15:40
❝ စက်သုံးဆီတင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှာထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

https://t.me/myanmarhardtalk
#𝙢𝙝𝙩𝙣𝙚𝙬𝙨
4.0K views00:15
Abrir / CĂłmo