Get Mystery Box with random crypto!

Myanmar Hard Talk

Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk M
Temas del canal:
Mhtnews
Logotipo del canal de telegramas myanmarhardtalk - Myanmar Hard Talk
Temas del canal:
Mhtnews
DirecciĂłn del canal: @myanmarhardtalk
CategorĂ­as: Sin categorĂ­a
Idioma: EspaĂąol
Suscriptores: 37.25K
DescripciĂłn del canal

This is the News Channel

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


Los Ăşltimos mensajes 22

2024-05-27 13:02:59
❝မုန်တိုင်းအရှိန်ဖြင့် ကျရောက်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ဧရာဝတီတိုင်းအတွင်း၌ လူနှစ်ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟕〕
https://t.me/myanmarhardtalk

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏အရှိန်ဖြင့် မေလ ၂၅ ရက်နှင့် ၂၆ ရက်က ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ဧရာဝတီတိုင်းအတွင်း၌ သစ်ပင်လဲကျကာ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အခြားပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရ သည်။ 

အဆိုပါမိုးသက်လေပြင်းဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေမြင်တင်ဘုန်းကြီးကျောင်းအနီးရှိ ဗောဓိညောင်ပင်ကြီး အမြစ်ကျွတ်ထွက်လဲကျကာ စေတီတော်ထီးတော် ထိခိုက်ပျက်စီးခဲ့သလို ဟင်္သာတ- အင်္ဂပူလမ်းမကြီး မိုင်တိုင် ၅/၄ နှင့် မိုင်တိုင် ၆/၅ ကြား၌ မလေးရှားပိတောက်ပင်လဲကျကာ လမ်းသွားလမ်းလာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟုဆိုသည်။ 

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-05-27-11
5.6K views10:02
Abrir / CĂłmo
2024-05-27 09:23:11
❝အစိုးရမဟုတ်တဲ့သူတွေ တက်ခွင့်မရှိတဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်❞

≋သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးတို့အတွက် လက်ရှိ ဆောင်ရွက်နေမှုများကို အသိပေးဆွေးနွေးခဲ့ဟုဆို≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟕〕
https://t.me/myanmarhardtalk

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ မေ ၁၉ ရက်ကနေ ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ (၃၉)ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို ဘယ်နိုင်ငံက ဘယ်သူတွေတက်ရောက်ခဲ့ကြပြီး ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ ဒီသတင်းမှာ https://telegra.ph/Myanmar-Hard-Talk-05-27-9 ဖတ်ရှုနိုင်ပါပြီ။
5.1K views06:23
Abrir / CĂłmo
2024-05-27 08:02:41
❝စစ်ကိုင်းမြို့က ရင်သွေးရတနာ ကျောင်းအုပ်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟕〕
https://t.me/myanmarhardtalk

အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်မှာရှိတဲ့ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦး ဆိုသူကို စစ်ကိုင်းခရိုင် ထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ-၅၂ (က) နဲ့ မေလ ၂၅ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ ချိတ်ပိတ်သိမ်းဆည်းပြီး အထက်တန်းကျောင်းပိုင်ရှင် ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကိုတော့ ဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့ လှုံ့ဆော်မှုအပြင် NUG က တရားမဝင်ဖွင့်ထားတဲ့ Sagaing Fedral School အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးတဲ့ကိစ္စတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် တရားခံ ဒေါ်ထားထားဦးကို စစ်ကိုင်းမြို့မရဲစခန်းက (ပ) ၂၁၄/၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်အရေးယူခဲ့ပြီး ၈ လအကြာမှာ အခုလို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.2K viewsedited  05:02
Abrir / CĂłmo
2024-05-27 07:29:13 ❝မေ ၂၇ ရက်၊ မနက်ပိုင်း နိုင်ငံတကာ ငွေလဲနှုန်းနဲ့ ရွှေဈေးနှုန်းများ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟕〕
https://t.me/myanmarhardtalk

ဒီကနေ့ (မေလ ၂၇ ရက်) မနက်ပိုင်းမှာ ဈေးကွက်သတင်းတွေက ဖော်ပြလာတဲ့ သတင်းတွေအရ

အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၂၀၀ ကျပ်
ဝယ်ဈေး - ၄၁၅၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

စတာလင်ပေါင်ကတော့
ရောင်းဈေး - ၅၂၂၄.၅၅ ကျပ်နဲ့
ဝယ်ဈေး - ၅၁၀၇.၂၇ ကျပ်

ယူရိုငွေက
ရောင်းဈေး - ၄၅၉၇.၆၀ ကျပ်နဲ့ ဝယ်ဈေး - ၄၄၉၄.၄၀ ကျပ်

ဂျပန်ယန်းငွေက
ရောင်းဈေး - ၂၆.၇၉ ကျပ်နဲ့
ဝယ်ဈေး - ၂၆.၁၉ ကျပ် ဖြစ်ပါတယ်။

ကိုရီးယားဝမ်ငွေရဲ့
ရောင်းဈေးက - ၃.၀၈ ကျပ်နဲ့
ဝယ်ဈေး - ၃.၀၁ ကျပ်

ထိုင်းဘတ်ငွေ
ရောင်းဈေး - ၁၁၄.၉၄ ကျပ်
ဝယ်ဈေး - ၁၁၂.၃၆ ကျပ်

တရုတ်ယွမ်ငွေက
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး -၅၆၅ ကျပ်

စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၆၀ ကျပ်
ဝယ်ဈေး - ၃၀၁၀ ကျပ် ဖြစ်ပါတယ်။

မလေးရှားရင်းဂစ်ကတော့
ရောင်းဈေး - ၈၈၅ ကျပ်
ဝယ်ဈေး - ၈၇၅ ကျပ်

ဒူဘိုင်းငွေ
ရောင်းဈေး - ၁၁၄၉.၄၀ ကျပ်
ဝယ်ဈေး - ၁၁၂၃.၆၀ ကျပ်

ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၀၃.၄၁ ကျပ်
ဝယ်ဈေး - ၂၇၄၀.၄၉ ကျပ် ဖြစ်ပါတယ်။

ရွှေဈေးနှုန်းတွေကတော့ ပြင်ပပေါက်ဈေး အခေါက်ရွှေတစ်ကျပ်သားကို-
ရောင်းဈေး ၅,၂၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၅,၁၆၀,၀၀၀ ကျပ်

၁၅ ပဲရည်က
ရောင်းဈေး ၄,၈၉၀,၀၀၀ ကျပ်

ရွှေအသင်းရဲ့ ရည်ညွှန်းဈေးက
၁၆ ပဲရည်တစ်ကျပ်သားကို ၃,၉၉၉,၅၀၀ ကျပ်

ကမ္ဘာ့ရွှေဈေး
တစ်အောင်စကို ၂၃၃၄.၂၀ ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.2K viewsedited  04:29
Abrir / CĂłmo
2024-05-26 13:47:26
❝မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုအတွင်း နှစ်နိုင်ငံငွေကြေးများကို အသုံးပြုပေးချေဖို့ ဆွေးနွေးမှုပြုလုပ်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟔〕
https://t.me/myanmarhardtalk

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အဲဒီကုန်သွယ်မှုမှာ နှစ်နိုင်ငံငွေကြေးတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် တာကာနဲ့ မြန်မာကျပ်တို့ကို တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီဆွေးနွေးမှုကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain တို့ နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြတာပါ။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-05-26-7
5.3K views10:47
Abrir / CĂłmo
2024-05-26 09:05:43
❝တရုတ်မှာကျင်းပသည့် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ မြန်မာလူငယ်အဖွဲ့ ပါဝင်တက်ရောက်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟔〕
https://t.me/myanmarhardtalk

(၁၀) ကြိမ်မြောက် အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲအခမ်းအနားကို ကွမ်ရှီးပြည်နယ်နန်နင်းမြို့၌ မေ ၂၁ ရက် မှ ၂၄ ရက်အထိ ကျင်းပခဲ့သည်ဟု သိရသည်။

❛ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့်အနာဂတ်အတွက်❜ ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ အလုပ်အမှုဆောင်နှစ်ဦးနှင့် လူငယ်ငါးဦးပါဝင်သောအဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှုဗဟုသုတများ ဖလှယ်ဆွေးနွေးခြင်း၊ နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး

Read More... https://telegra.ph/Myanmar-Hard-Talk-05-26-6
5.9K views06:05
Abrir / CĂłmo
2024-05-26 07:54:41
❝နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတွေ့ဆုံ❞

≋ဒေသ၏ အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း≋


 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟔〕
https://t.me/myanmarhardtalk

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ မေလ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

သတင်းအပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-05-26-5
5.9K views04:54
Abrir / CĂłmo
2024-05-26 07:36:46
❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟔〕
https://t.me/myanmarhardtalk

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ် ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည် ပြုပြင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

သတင်းအပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-05-26-4
5.3K views04:36
Abrir / CĂłmo
2024-05-25 13:45:34
❝စစ်ကိုင်းတိုင်းအတွင်းရှိ PDF ထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်း အများအပြားနှင့် တရားခံများဖမ်းမိ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟓〕
https://t.me/myanmarhardtalk

အကြမ်းဖက် NUG ၏အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF များထံပို့ဆောင်မည့် လက်နက်/ခဲယမ်း အများအပြားနှင့် အကြမ်းဖက် တရားခံများကို အဆိုပါ အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသော အမာခံသတင်းပေးများ၏ ကျေးဇူးဖြင့် ဖမ်းဆီရမိခဲ့သည်ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဘုရားသုံးဆူမြို့မှ မန္တလေးဘက်သို့ လက်နက်/ ခဲယမ်းများသိုဝှက် တင်ဆောင်လာသည့် ယာဉ် ၂ စီး လာမည်ဖြစ်ကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မေလ ၂၃ ရက်က စောင့်ဆိုင်းနေစဉ် တံတားဦးမြို့အနီးရှိ စစ်ဆေးရေးဂိတ်၌ Honda Insight ယာဉ်ကို စစ်ဆေးရာ ကားနောက် ဘန်ဘာအတွင်းတွင် သိုဝှက်သယ်ဆောင်လာသော M-22 သေနတ် ၈ လက်၊ Beretta ပစ္စတို ၁ လက်၊ ကျည်အိမ် ၂၅ ခု၊ ကျည် ၆၅၀ တောင့်၊ သေနတ် မောင်းတုံး ၂ ခုတို့ကို တရားခံ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၂ ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ https://telegra.ph/Myanmar-Hard-Talk-05-25-10
5.5K views10:45
Abrir / CĂłmo
2024-05-25 07:02:16
❝ဗိုလ်ချုပ်ကြီး မိုးအောင် မှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟐𝟓〕
https://t.me/myanmarhardtalk

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E Dr. Md. Monwar Hossain အား မေ ၂၄ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
5.1K viewsedited  04:02
Abrir / CĂłmo